အမေရိကန် F-22 Raptor ကို ခြေရာခံထောက်လှမ်းနိုင်တဲ့ ဈေးသက်သာတဲ့ရေဒါသစ်တစ်မျိုး တီထွင် ထုတ်လုပ်နေကြောင်း တရုတ်ပြော

PUBLISHED - October 22, 2024
နိုင်ငံတကာ၊ အော်တိုဘာ ၂၂
ကမ္ဘာပေါ်က ခေတ်အမီဆုံးဂျက်တိုက်လေယာဉ်အမျိုးအစားတစ်ခုဖြစ်တဲ့ အမေရိကန်ထုတ် F-22 Raptor ဂျက် တိုက်လေယာဉ်ကို ခြေရာခံထောက်လှမ်းနိုင်တဲ့ ဈေးသက်သာတဲ့ရေဒါစနစ်တစ်ခုကို တရုတ်နိုင်ငံက တီထွင် ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
ရေဒါအသစ်ဟာ အန်တန်နာတစ်ခုတည်းကိုအသုံးပြုထားတဲ့အတွက် ဈေးနှုန်းသက်သာပြီး အသုံးပြုရလွယ်ကူ ကြောင်း ရေဒါထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ သုတေသီတွေက South China Morning Post သတင်း စာကို ပြောပါတယ်။
ဒီရေဒါစနစ်ဟာ တရုတ်နိုင်ငံရဲ့ BDS (BeiDou navigation satellite system) လမ်းကြောင်းရှာဆက်သွယ်ရေး ဂြိုဟ်တုစနစ်ကိုလည်း အသုံးပြုထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဈေးနှုန်းသက်သာတဲ့ ဒီရေဒါစနစ်ဟာ ရန်သူ့ jammer တွေ ဖမ်းယူနိုင်ခြင်းမရှိစေဖို့ တည်နေရာကို ရှာဖွေရတာခက်ခဲအောင် အချက်ပြထုတ်လွှင့်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ရေဒါစနစ်ထုတ်လုပ်သူတွေက ၎င်းတို့အနေနဲ့ မကြာသေးခင်ကပဲ F-22 ဂျက်တိုက်လေယာဉ်အစွမ်းရှိတဲ့ သဏ္ဍန်တူ F-22 ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဒီရေဒါစနစ်ကို လက်တွေ့စမ်းသပ်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန် လော့ဟိမာတင် ကုမ္ပဏီထုတ် F-22 ဂျက်တိုက်လေယာဉ်ဟာ ခေတ်မီကိုယ်ပျောက်စွမ်းရည်တွေ ကြောင့် ရန်သူ့ရေဒါနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ရှောင်ရှားနိုင်တဲ့စွမ်းရည်ရှိကြောင်း သိထားကြ ပါတယ်။
F-22 ဂျက်တိုက်လေယာဉ်က ထုတ်လွှင့်တဲ့ အလင်းယိုင်လမ်းကြောင်းတွေဟာ အထူးသဖြင့် အဆောက်အဦ တွေ၊ သစ်ပင်တွေ ပိတ်ဆို့ကာဆီးထားတဲ့နေရာမျိုးမှာ များသောအားဖြင့် အားနည်းလေ့ရှိပြီ ရေဒါဖမ်းယူဖို့ခက်ခဲ တယ်လို့ဆိုပါတယ်။
အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အခက်အခဲအတားအဆီးတွေ ရှိနေတဲ့ အချိန်မျိုးမှာတောင် အဲဒီ လို ကိုယ်ပျောက်လေယာဉ်ကထုတ်လွှင့်တဲ့ အချက်ပြသင်္ကေတတွေကို ခြေရာခံထောက်လှမ်းနိုင်တဲ့ “blind detection” နည်းစနစ်ကို တရုတ်နိုင်ငံက အသုံးပြုခဲ့ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အခုထုတ်လုပ်တဲ့ရေဒါမှာ ဖုံးကွယ်ထားတဲ့ အီလက်ထရိုမဂ္ဂနက်တစ်အချက်ပြလှိုင်းနှုန်းတွေကို ရှာဖွေထောက် လှမ်းဖို့အတွက် မူလက ယူဂိုဆလားဗီးယားသိပ္ပံပညာရှင်တစ်ဦး တီထွင်ခဲ့တဲ့ အဆင့်မြင့်အယ်လ်ဂိုသီရမ်နည်း စနစ်ကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။
ဒါ့အပြင် တရုတ်ရဲ့ BeiDou ဂြိုဟ်တုစနစ် ထိခိုက်သွားခဲ့ရင် ကြားဖြတ်နှောင့်ယှက်ခြင်းမလုပ်နိုင်အောင် ဒီရေဒါ စနစ်ရဲ့ လှိုင်းနှုန်းတွေကို GPS စနစ် (Global Positioning System) ၊ ရုရှားရဲ့ GLONASS စနစ်တို့ကို ဖြစ်စေ ဥရောပရဲ့ European Galileo စနစ်ကိုဖြစ်စေ လွှဲပြောင်းအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
အခုပြောဆိုချက်တွေစာ မှန်ကန်တယ်ဆိုရင် ဒီရေဒါစနစ်ဟာ F-35 ဂျက်တိုက်လေယာဉ်တို့လို တခြားကိုယ် ပျောက်ဂျက်တိုက်လေယာဉ်တွေကို ခြေရာခံထောက်လှမ်းရာမှာလည်း အသုံးပြုနိုင်စွမ်း ရှိနိုင်လောက်တယ်လို့ ဆိုပါတယ်။
Ref: China Says Developing Low-Cost Radar That Can Track F-22 Stealth Fighters
#PeopleMedia