အမေရိကန် F-35B ဂျက်တိုက်လေယာဉ် ဂျပန်ဖျက်သင်္ဘော JS Kaga ပေါ်ကို ပထမဦးအကြိမ် ဆင်းသက်
PUBLISHED - October 24, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၄
နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးအပြန်အလှန်အထောက်အကူပြုနိုင်ရေး မြှင့်တင်မှုအတွက် အမေရိကန်ရေတပ်က F-35B ဂျက်တိုက်လေယာဉ်တစ်စင်းဟာ ဂျပန်ဖျက်သင်္ဘော JS Kaga ပေါ်ကို ပထမဦး ဆုံးအကြိမ်အဖြစ် ဆင်းသက်ခဲ့ပါတယ်။
စက်တင်ဘာလအစောပိုင်း ဂျပန်ဖျက်သင်္ဘော JS Kaga ဂျပန်ကမ်းခြေက ထွက်ခွာလာပြီးနောက် မေရီလန်း ပြည်နယ်က ပျံတက်လာခဲ့တဲ့ အမေရိကန် F-35B ဂျက်တိုက်လေယာဉ်ဟာ ကယ်လီဖိုးနီယားပြည်နယ်တောင် ဘက် ကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က အဆိုပါသင်္ဘောပေါ်ကို ဆင်းသက်ခဲ့တာဖြစ်ပါတယ်။
လာမယ့်သီတင်းပတ် ၃ ပတ်အတွင်း နောက်ထပ် လေ့ကျင့်ခန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။
“JS Kaga ဖျက်သင်္ဘောပေါ်မှာ ဆင်း/တက်ပြီး F-35B ဂျက်တိုက်လေယာဉ်အစွမ်းတွေကို စမ်းသပ်ဖို့ ပူးတွဲ ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။” လို့ F-35 Pax River Integrated Test Force Team ခေါင်းဆောင် ဆက်ဒီယွန်က ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်တွေကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့နဲ့ မိတ်ဖက်ဆက်ဆံရေး တိုး မြှင့်ဖို့အတွက် ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေနဲ့ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပြီးသားဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဂျပန်ရေတပ် (ဂျပန်ပင်လယ်ပြင်ကာကွယ်ရေးတပ်ဖွဲ့ – JMSDF) က JS Kaga ဖျက်သင်္ဘောနဲ့ ဂျပန်ရေတပ်ရဲ့ အကြီးဆုံး ရဟတ်ယာဉ်တင်သင်္ဘော JS Izumo တို့ကို အပေါ့စားလေယာဉ်တင်သင်္ဘောတွေအဖြစ် အဆင့်မြှင့် တင် အသွင်ပြောင်းတည်ဆောက်ထားပါတယ်။
အခု စမ်းသပ်မှုမလုပ်ခင် အမေရိကန်မရိန်းတပ် F-35B ဂျက်တိုက်လေယာဉ်တွေ ပြေးလမ်းတိုမှာ တက်ရောက် နိုင်အောင်နဲ့ ထောင်လိုက်ဆင်းသက်နိုင်ဖို့အတွက် JS Kaga ဖျက်သင်္ဘောကို အဆင့်မြှင့်တင်မှု လေးငါးကြိမ်ပြု လုပ်ခဲ့ရပါတယ်။
ဒေါ်လာ ၂၃.၁၁ ဘီလျံတန်ကြေးရှိ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၁၀၅ စင်းကို ဂျပန်နိုင်ငံကို ရောင်းချ ပေးဖို့ အမေရိကန်အစိုးရက ၂၀၂၀ ပြည့်နှစ်မှာ ခွင့်ပြုခဲ့ပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဟာ ကာကွယ်ရေးစွမ်းရည်မြှင့်တင်တာဖြစ်သလို ဂျပန်-အမေရိကန် မဟာမိတ်စွမ်းရည်တွေကို တုံ့ပြန်လိုက်တာလည်းဖြစ်ကြောင်း JMSDF Captain ရှှုဆာကူတာကီအူချီက ပြော ပါတယ်။
Ref: US F-35B Lands on Japanese Destroyer for First Time
#PeopleMedia