• Follow Us on
Latest News

Home အမေရိကန် WA ANG နဲ့ ထိုင်း RTAF တို့ အမျိုးသမီးခေါင်းဆောင်မှုအစီအစဉ်ကတစ်ဆင့် ဆက်ဆံရေးမြှင့်တင်

အမေရိကန် WA ANG နဲ့ ထိုင်း RTAF တို့ အမျိုးသမီးခေါင်းဆောင်မှုအစီအစဉ်ကတစ်ဆင့် ဆက်ဆံရေးမြှင့်တင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈

 

ဝါရှင်တန်လေကြောင်းတပ်ဖွဲ့ (Washington Air National Guard – WA ANG) ဟာ တော်ဝင်ထိုင်းလေတပ် (RTAF) က အမျိုးသမီးခေါင်းဆောင်တွေကို ပထမဦးဆုံးအကြိမ်အဖြစ် ဝါရှင်တန်မြို့ မာရေးတပ်စခန်း (Camp Murray) မှာ စက်တင်ဘာ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံခဲ့ပါတယ်။

 

ကွန်ရက်တွေနဲ့ လမ်းညွှန်မှုတည်ဆောက်ရေး မဟာဗျူဟာများကို အခြေခံထားတဲ့ ဆွေးနွေးမှုတွေကို ဝါရှင်တန် တက္ကသိုလ်ရဲ့ မေးလ်ဂတ်အမျိုးသမီးအင်စတီကျုက ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

အမျိုးသားများကြီးစိုးတဲ့လုပ်ငန်းနယ်ပယ်တစ်ခုမှာ မရည်ရွယ်တဲ့ဘက်လိုက်မှုတွေကို ဘယ်လို ကိုင်တွယ်ဆောင် ရွက်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်း အဲဒီဆွေးနွေးမှုတွေထဲမှာ ပါဝင်ပါတယ်။

 

စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အမှတ် ၁၉၄ လေယာဉ်အုပ်နဲ့ အမှတ် ၁၉၄ လေကြောင်းထောက်ပံ့မှု စစ် ဆင်ရေးအုပ်စု၊ မာရေးတပ်စခန်းက အမှတ် ၁၀ အရပ်ဘက်ထောက်ပံ့ရေးအဖွဲ့၊ လူးဝစ်မက်ကော့ဒ် ပူးတွဲ တပ်စ ခန်းရှိ အနောက်ပိုင်းတိုင်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမှတ် ၁၄၁ ဝေဟင်ဆီဖြည့်လေယာဉ်အုပ်တို့ ပါအဝင် လေတပ်စခန်း လေးငါးခုကို လှည့်လည်လေ့လာတာလည်းပါဝင်ပါတယ်။

 

ဆွေးနွေးပွဲမှာ RTAF က အရာရှိတွေက ၎င်းတို့နိုင်ငံရဲ့ သက်ဆိုင်ရာလေတပ်နဲ့ တခြားအခွင့်အလမ်းနယ်ပယ် တွေမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်နေရတဲ့ အခန်းကဏ္ဍကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

 

“အမျိုးသမီးတွေဟာ ရိုးရှင်းပြတ်သားတဲ့ ပြဿနာဖြေရှင်းနည်းနဲ့ တမူထူးခြားပြီး တန်ဖိုးရှိတဲ့ အမြင်နဲ့ တပ်မ တော်ခေါင်းဆောင်မှုပုံစံတွေကို ယူဆောင်လာတာဖြစ်ပါတယ်။” လို့ အမေရိကန်လေတပ် ဗိုလ်မှူးကြီးနဲ့ ဝန်ထမ်း ရေးရာညွှန်ကြားရေးမှူး ကဲရီဝန့်ဇဲလ်က ပြောပါတယ်။

 

“ဒီအခြေခံအုတ်မြစ်ကြောင့် ကျွန်မတို့ရဲ့ သက်ဆိုင်ရာတပ်မတော်ထဲမှာ အတားအဆီးတွေကို ဖယ်ရှားပစ်ဖို့နဲ့ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်တွေပေးဖို့ အစီအစဉ်သစ်တွေနဲ့ မဟာဗျူဟာတွေရေးဆွဲသွားနိုင်မှာဖြစ်ပါတယ်။” လို့ ဝန့်ဇဲလ်က ပြောပါတယ်။

 

အခုထိတွေ့ဆက်သွယ်မှုဟာ RTAF က အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်စေမှာဖြစ် ကြောင်း RTAF လေယာဉ်အုပ်ခေါင်းဆောင်၊ C130 လေသူရဲတစ်ဦးဖြစ်သူ ကန်ချာနတ်ခ်မေးလ်စထရိုချန်းယာ ရတ်နဲ့ RTAF ရဲ့အမျိုးသမီးလေသူရဲ ၇ ဦးထဲက တစ်ဦးက ပြောကြားပါတယ်။

 

“ကျွန်မတို့ဆီမှာ အရည်အချင်းရှိတဲ့ အခြားအဆင့်အမျိုးသမီးတွေ အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ သူတို့တွေ အခွင့်အလမ်းမရကြပါဘူး။ အခုလို အစပြုဆက်သွယ်လာနိုင်တဲ့အတွက် ကောင်းမွန်တဲ့အစီအစဉ်သစ်တစ်ရပ်ကို ကျွန်မတို့ ပြန်လည်ယူဆောင်သွားနိုင်ပြီး အဲဒီအခြားအဆင့်အမျိုးသမီးတွေကို ကျွန်မတို့လိုပဲ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့နဲ့ တော်ဝင်ထိုင်းလေတပ် တိုးတက်လာအောင်လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ပေးသွား မှာဖြစ်ပါတယ်။” လို့ RTAF လေယာဉ်အုပ်ခေါင်းဆောင်က ပြောပါတယ်။

 

အခုဆက်သွယ်မှုဟာ အနာဂတ်စစ်ဆင်ရေးတွေအတွက် မိတ်ဖက်နိုင်ငံတွေရဲ့ လေကြောင်းတပ်ဖွဲ့ဝင်တွေ စွမ်း ရည်မြှင့်တင်ရေးအတွက် ဒီဇိုင်းရေးဆွဲထားတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ ဗျူရို အစိုးရမိတ်ဖက်နိုင်ငံများဆိုင်ရာစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

အမေရိကန် WA ANG နဲ့ ထိုင်းနိုင်ငံ RTAF တို့ဟာ ၎င်းတို့ရဲ့ အစိုးရမိတ်ဖက်နိုင်ငံများဆိုင်ရာစီမံကိန်း ဆက်ဆံ ရေးကို ၂၀၂၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ဟာ အမေရိကန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ် ဆက်ဆံရေး ၁၉၁ နှစ်မြောက် နှစ်ဖြစ်ပါတယ်။

 

Ref: Washington Air National Guard, Royal Thai Air Force Strengthen Ties Through Female Leadership Engagement

 

#PeopleMedia


Share this post