အမ္ပီတီဆင္းကတ္ေတြကို ဘဂၤါလီစခန္းေတြမွာ သိမ္းဆည္းရမိ

PUBLISHED - June 16, 2020
ေကာ့က္စ္ဘဇား၊ ဇြန္ ၁၆
ဘဂၤလားေဒ့႐ွ္ႏုိင္ငံ၊ ေကာ့က္စ္ဘဇားခ႐ိုင္မွာ႐ွိတဲ့ ယူခီယာနဲ႔တက္နက္ဖိတို႔မွာ႐ွိတဲ့ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) စခန္းေတြမွာ ဘဂၤလားေဒ့႐ွ္မိုဘိုင္းေအာ္ပေရတာေတြက ၀န္ေဆာင္မႈပိတ္သိမ္းထားေပမဲ့ စခန္းေတြထဲက ဘဂၤါလီေတာ္ေတာ္ မ်ားမ်ားဟာ ျမန္မာႏုိင္ငံက အမ္ပီတီကြန္ရက္ရဲ႕ 3G နဲ႔ 4G ကြန္ရက္ေတြကို အသံုးျပဳခြင့္ရေနပါတယ္။
ဒါ့ေၾကာင့္ မူးယစ္ေဆးေမွာင္ခိုကုန္ကူးမႈေတြနဲ႔ မႈခင္းေတြျမင့္တက္ေနသလို ဘဂၤါလီေတြဟာလည္း တရားမ၀င္တဲ့လႈပ္႐ွားမႈ ေတြမွာပါ၀င္ေနပါတယ္။
ဇြန္ ၁၄ ရက္ တနဂၤေႏြေန႔မွာ ယူခီယာခ႐ိုင္လက္ေထာက္ရဲမွဴးႀကီးနီဟက္ အက္နန္တိုင္ယန္ဦးေဆာင္တဲ့ရဲအဖြဲ႕က ၀င္ေရာက္ စီးနင္းခဲ့ရာမွာ ဘဂၤါလီစခန္းထဲက အမ္ပီတီဆင္းကတ္အကတ္ ၄၀ သိမ္းဆည္းရမိခဲ့ပါတယ္။ အေစာပိုင္းကလည္း ရဲတပ္ဖြဲ႕ ၀င္ေတြက အမ္ပီတီဆင္းကတ္ေတြကို မၾကာခဏေတြ႕ခဲ့ပါတယ္။
အမ္ပီတီဆင္းကတ္ေတြဟာ ျမန္မာႏိုင္ငံကေန ေမွာင္ခိုတင္သြင္းလာတာလို႔ ရဲေတြက အတည္ျပဳပါတယ္။
ဘဂၤါလီစခန္းေတြထဲက သတင္းရင္းျမစ္ေတြအရ ယူခီယာနဲ႔တက္နက္ဖ္တို႔မွာ႐ွိတဲ့ဘဂၤါလီစခန္းေတြမွာ အမ္ပီတီဆင္းကတ္ ေထာင္ခ်ီကို အသံုးျပဳေနၾကတယ္လို႔ စခန္းတြင္းသတင္းရင္းျမစ္ေတြအရသိရပါတယ္။
ဘဂၤါလီအမ်ားစုက အမ္ပီတီဆင္းကတ္ေတြကိုသံုးၿပီး မူးယစ္ေမွာင္ခုိနဲ႔ မႈခင္းက်ဴးလြန္ရာမွာသံုးေနတာပါ။ ဒါ့ေၾကာင့္ တရား ဥပေဒစိုးမိုးေရးအရာ႐ွိေတြက အဲဒီဖုန္းနံပါတ္ေတြကို လြယ္လြယ္ကူကူေျခရာခံမလိုက္ႏုိင္ျဖစ္ေနတာပါ။
Ref : Myanmar MPT SIM card seized in Rohingya camp
(unicode)
အမ်ပီတီဆင်းကတ်တွေကို ဘင်္ဂါလီစခန်းတွေမှာ သိမ်းဆည်းရမိ
…………………………………………………….
ကော့က်စ်ဘဇား၊ ဇွန် ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်မှာရှိတဲ့ ယူခီယာနဲ့တက်နက်ဖိတို့မှာရှိတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ်မိုဘိုင်းအော်ပရေတာတွေက ဝန်ဆောင်မှုပိတ်သိမ်းထားပေမဲ့ စခန်းတွေထဲက ဘင်္ဂါလီတော်တော် များများဟာ မြန်မာနိုင်ငံက အမ်ပီတီကွန်ရက်ရဲ့ 3G နဲ့ 4G ကွန်ရက်တွေကို အသုံးပြုခွင့်ရနေပါတယ်။
ဒါ့ကြောင့် မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုတွေနဲ့ မှုခင်းတွေမြင့်တက်နေသလို ဘင်္ဂါလီတွေဟာလည်း တရားမဝင်တဲ့လှုပ်ရှားမှု တွေမှာပါဝင်နေပါတယ်။
ဇွန် ၁၄ ရက် တနင်္ဂနွေနေ့မှာ ယူခီယာခရိုင်လက်ထောက်ရဲမှူးကြီးနီဟက် အက်နန်တိုင်ယန်ဦးဆောင်တဲ့ရဲအဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာမှာ ဘင်္ဂါလီစခန်းထဲက အမ်ပီတီဆင်းကတ်အကတ် ၄၀ သိမ်းဆည်းရမိခဲ့ပါတယ်။ အစောပိုင်းကလည်း ရဲတပ်ဖွဲ့ ဝင်တွေက အမ်ပီတီဆင်းကတ်တွေကို မကြာခဏတွေ့ခဲ့ပါတယ်။
အမ်ပီတီဆင်းကတ်တွေဟာ မြန်မာနိုင်ငံကနေ မှောင်ခိုတင်သွင်းလာတာလို့ ရဲတွေက အတည်ပြုပါတယ်။
ဘင်္ဂါလီစခန်းတွေထဲက သတင်းရင်းမြစ်တွေအရ ယူခီယာနဲ့တက်နက်ဖ်တို့မှာရှိတဲ့ဘင်္ဂါလီစခန်းတွေမှာ အမ်ပီတီဆင်းကတ် ထောင်ချီကို အသုံးပြုနေကြတယ်လို့ စခန်းတွင်းသတင်းရင်းမြစ်တွေအရသိရပါတယ်။
ဘင်္ဂါလီအများစုက အမ်ပီတီဆင်းကတ်တွေကိုသုံးပြီး မူးယစ်မှောင်ခိုနဲ့ မှုခင်းကျူးလွန်ရာမှာသုံးနေတာပါ။ ဒါ့ကြောင့် တရား ဥပဒေစိုးမိုးရေးအရာရှိတွေက အဲဒီဖုန်းနံပါတ်တွေကို လွယ်လွယ်ကူကူခြေရာခံမလိုက်နိုင်ဖြစ်နေတာပါ။
Ref : Myanmar MPT SIM card seized in Rohingya camp