အမ်ားသံုးေရခ်ိဳးခန္းမွာ ေရခ်ိဳးဖို႔သြားလို႔ ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ သီးသန္႔ထားတဲ့ ေျမာက္ကိုရီးယားအရာ႐ွိ ပစ္သတ္ခံရ

PUBLISHED - February 28, 2020
ၿပံဳယမ္း၊ ေဖေဖာ္ဝါရီ – ၂၈
ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ သီးသန္႔ထိန္းသိမ္းခံထားရတဲ့ ေျမာက္ကိုရီးယားအရာ႐ွိတစ္ေယာက္ဟာ သတ္မွတ္ ခ်က္ေတြ ခ်ိဳးေဖာက္ခဲ့လို႔ ပစ္သတ္ခံခဲ့ရပါတယ္။
တ႐ုတ္ႏိုင္ငံကေနျပန္လာတဲ့ ကုန္သြယ္ေရးအရာ႐ွိကို ဗိုင္းရပ္စ္သံသယေၾကာင့္ သီးသန္႔ေစာင့္ၾကည့္ထားတာ ပါ။ အမ်ားသံုးေရခ်ိဳးခန္းတစ္ခုကို အဲဒီအရာ႐ွိသြားတာေတြ႕ခဲ့တဲ့ေနာက္ သူ႔ကိုခ်က္ခ်င္းဖမ္းဆီးၿပီး ပစ္သတ္ လိုက္တယ္လို႔ ေျမာက္ကိုရီးယားသတင္းရင္းျမစ္ေတြက ဒြန္ဂါသတင္းေအဂ်င္စီကိုေျပာပါတယ္။
မၾကာေသးခင္က တ႐ုတ္ႏိုင္ငံကိုသြားတဲ့ခရီးစဥ္ကို ဖံုးထားလို႔ ေျမာက္ကိုရီးယားအမ်ိဳးသားလံုၿခံဳေရးေအဂ်င္ စီမွာ အလုပ္လုပ္တဲ့ေနာက္ထပ္အရာ႐ွိတစ္ေယာက္ကိုလည္း စိုက္ပ်ိဳးေရးလုပ္ဖို႔ ရာထူးခ်ခဲ့ပါတယ္။
ေျမာက္ကိုရီးယားပိုင္နက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ႐ွိဘူးလို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာထားေပမဲ့ သီးျခားလြတ္လပ္စြာအတည္ျပဳထားတာေတာ့မ႐ွိေသးပါဘူး။ ဒါေပမဲ့ ေျမာက္ကိုရီးယားႏိုင္ငံ အေနာက္ေျမာက္ ပိုင္းက ဆင္ႏူးဂ်ဴၿမိဳ႕မွာ လူ ၅ ေယာက္ေသဆံုးခဲ့တယ္လို႔ ဆိုးလ္ၿမိဳ႕အေျခစိုက္ Daily NK သတင္း၀က္ဆိုက္က ေဖာ္ျပထားပါတယ္။
ႏိုင္ငံတကာခရီးသြားေတြကို ပိတ္ပင္ထားတဲ့အျပင္ ၿမိဳ႕ေတာ္ၿပံဳယမ္းကို ကားလမ္းက ၀င္လာတဲ့လူတိုင္းနဲ႔ ႏိုင္ငံ ျပင္ပကိုထြက္တဲ့လူတိုင္းကို စစ္ေဆးသြားဖို႔ အာဏာပိုင္ေတြကၫႊန္ၾကားထားတယ္ဆိုၿပီး ေျမာက္ကိုရီးယား အစိုးရပိုင္ KCNA သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။
Source – North Korea official suspected of having coronavirus ‘shot dead for trip to public baths’
#PeopleMedia #CoronaVirus #COVID19 #DPRK
(Unicode)
အများသုံးရေချိုးခန်းမှာ ရေချိုးဖို့သွားလို့ ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ သီးသန့်ထားတဲ့ မြောက်ကိုရီးယားအရာရှိ ပစ်သတ်ခံရ
………………………………………………………
ပြုံယမ်း၊ ဖေဖော်ဝါရီ – ၂၈
ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ သီးသန့်ထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားအရာရှိတစ်ယောက်ဟာ သတ်မှတ် ချက်တွေ ချိုးဖောက်ခဲ့လို့ ပစ်သတ်ခံခဲ့ရပါတယ်။
တရုတ်နိုင်ငံကနေပြန်လာတဲ့ ကုန်သွယ်ရေးအရာရှိကို ဗိုင်းရပ်စ်သံသယကြောင့် သီးသန့်စောင့်ကြည့်ထားတာ ပါ။ အများသုံးရေချိုးခန်းတစ်ခုကို အဲဒီအရာရှိသွားတာတွေ့ခဲ့တဲ့နောက် သူ့ကိုချက်ချင်းဖမ်းဆီးပြီး ပစ်သတ် လိုက်တယ်လို့ မြောက်ကိုရီးယားသတင်းရင်းမြစ်တွေက ဒွန်ဂါသတင်းအေဂျင်စီကိုပြောပါတယ်။
မကြာသေးခင်က တရုတ်နိုင်ငံကိုသွားတဲ့ခရီးစဉ်ကို ဖုံးထားလို့ မြောက်ကိုရီးယားအမျိုးသားလုံခြုံရေးအေဂျင် စီမှာ အလုပ်လုပ်တဲ့နောက်ထပ်အရာရှိတစ်ယောက်ကိုလည်း စိုက်ပျိုးရေးလုပ်ဖို့ ရာထူးချခဲ့ပါတယ်။
မြောက်ကိုရီးယားပိုင်နက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြောထားပေမဲ့ သီးခြားလွတ်လပ်စွာအတည်ပြုထားတာတော့မရှိသေးပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက် ပိုင်းက ဆင်နူးဂျူမြို့မှာ လူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဆိုးလ်မြို့အခြေစိုက် Daily NK သတင်းဝက်ဆိုက်က ဖော်ပြထားပါတယ်။
နိုင်ငံတကာခရီးသွားတွေကို ပိတ်ပင်ထားတဲ့အပြင် မြို့တော်ပြုံယမ်းကို ကားလမ်းက ဝင်လာတဲ့လူတိုင်းနဲ့ နိုင်ငံ ပြင်ပကိုထွက်တဲ့လူတိုင်းကို စစ်ဆေးသွားဖို့ အာဏာပိုင်တွေကညွှန်ကြားထားတယ်ဆိုပြီး မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြပါတယ်။
Source – North Korea official suspected of having coronavirus ‘shot dead for trip to public baths’
#PeopleMedia #CoronaVirus #COVID19 #DPRK