• Follow Us on

Home အမ်းမြို့တွင် ကျောင်းဆရာမတစ်ဦးကို ၎င်း၏ အမျိုးသားဖြစ်သူမှ ဓားဖြင့်ထိုးသတ်

အမ်းမြို့တွင် ကျောင်းဆရာမတစ်ဦးကို ၎င်း၏ အမျိုးသားဖြစ်သူမှ ဓားဖြင့်ထိုးသတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၊ ရူးစံပြကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦးကို ၎င်း၏ အမျိုးသားဖြစ်သူမှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၇ ရက် နံနက်ခင်းအချိန်တွင် ရူးစံပြကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်း ဆရာမမှာ ထိုကျေးရွာရှိ စာသင်ကျောင်းကို စက်ဘီးဖြင့်စီးနင်းသွားစဉ် လမ်း၌ ၎င်း၏အမျိုးသားဖြစ်သူမှ ဓားဖြင့် စောင့်ပြီး ကျောင်းဆရာမကို ဓားဖြင့်ခန္တာကိုယ်အနှံ့ ထိုးသတ်ခဲ့ကြောင်း သိရသည်။

 

ထိုဓားဖြင့်ထိုးသတ်ခံရသည့် ကျောင်းဆရာမမှာ မကြာသေးမှီက ၎င်း၏အမျိုးသားဖြစ်သူနှင့် အိမ်ထောင်ရေး အဆင်မပြေသောကြောင့် ကွာရှင်းရန်ပြုလုပ်ထားကြောင်း၊ အမျိုးသားဖြစ်သူမှ ၎င်း၏ဇနီးဖြစ်သူကျောင်းဆရာမ ၏ ဆီးခုံအထက်၊ လက်မောင်း၊ ရင်ဘတ်ဘယ်ညာ၊ နောက်ကျောတို့တွင် ဒဏ်ရာအနှံ့ရရှိပြီး လက်ရှိအချိန်တွင် အမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမူခံယူနေရကြောင်း သိရသည်။

 

ထို့ပြင် ဓားဖြင့်ထိုးသတ်ခံရသည့် ကျောင်းဆရာမမှာ ဆိပ်ပုံမကျေးရွာတွင် နေထိုင်သည့် အသက် (၄၁) နှစ် အရွယ် ဒေါ်သန်းသန်းဌေးဖြစ်ကြောင်း၊ အမျိုးသားဖြစ်သူမှာ အသက် (၅၀) နှစ်အရွယ် ဦးညီညီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post