အများပြည်သူအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက်ပိုမိုဝယ်ယူရန်မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာဝယ်ယူနိုင်ကြောင်း နစက ထုတ်ပြန်
PUBLISHED - March 2, 2024
နေပြည်တော်၊ မတ် ၂
ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိပြီး စက်သုံးဆီများ ပုံမှန် ဖြန့်ဖြူးလျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြည်ပမှ မှာယူထားသည့် စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက် သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၉ရက်နေ့တွင် ဆီတင်ယာဉ် (၁,၁၇၅) စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူး နေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်း များကြောင့် မကြာမီ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia