အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူ အမျိုးသမီး ၂ ဦးအား ထောင်ဒဏ် ၁၃ နှစ်စီချမှတ်

PUBLISHED - September 27, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၇
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူ အမျိုးသမီး ၂ဦးအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၃နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ဒေါ်စန္ဒာဝင်းနှင့် ဒေါ်တင်ရီတို့က ရန်ကင်းမြို့နယ် နေ မ —၊ ၂၂နှစ်အား တရုတ်နိုင်ငံရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်ပါက စီးပွားရေး အဆင်ပြေသည်ဟု ပြောဆို စည်းရုံးကာ တရုတ်အမျိုးသားထံ ယွမ်ငွေ ၁၁၀၀၀၀ ဖြင့် ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၁၂၇၉/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်၍ ဒဂုံမြို့သစ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် တရားခံဒေါ် စန္ဒာ ဝင်းနှင့် ဒေါ်တင်ရီတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#PeopleMedia