အမျိုးသမီးတစ်ဦး ထိုင်ခုံပေါ်၌ ထိုင်နေစဉ် သေနတ်ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - September 11, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးမှာ နေအိမ်ရှေ့ရှိ ထိုင်ခုံပေါ်၌ ထိုင်နေစဉ် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းက အမှတ်(၁) ရပ်ကွက်တွင် နေသည့် ဒေါ်မြင့်သန်း(ခ)ကုလားမကြီးမှာ ၎င်း၏ တူမ ဖြစ်သူနှင့်အတူ နေအိမ်ရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် PDF များရောက်ရှိလာပြီး ထိုအမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရသည့် ဒေါ်မြင့်သန်း(ခ)ကုလားမကြီးမှာ အသက် (၆၃) နှစ်ရှိပြီး PDF များ၏ပစ်ခတ်မှု ကြောင့် ဦးခေါင်းနှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်စီ ပစ်ခတ်ခံရ၍ သေဆုံးသွား ကြောင်း သိရသည်။
Photo – Credit
#PeopleMedia