• Follow Us on
Latest News

Home အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပထမဦးဆုံး AWACS စစ်ဆင်ရေးခရီးစဉ် နေတိုးအဖွဲ့ဆောင်ရွက်ခဲ့

အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပထမဦးဆုံး AWACS စစ်ဆင်ရေးခရီးစဉ် နေတိုးအဖွဲ့ဆောင်ရွက်ခဲ့

Share this post

နိုင်ငံတကာ၊ မတ် ၅

 

ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးစစ်သည်တွေနဲ့ ဖွဲ့စည်းထားတဲ့ နေတိုးအဖွဲ့ လေကြောင်းကြိုတင်အချက် ပေးကွပ်ကဲကြီးကြပ်ရေးစနစ် (Airborne Warning and Control System – AWACS) အဖွဲ့ရဲ့ စစ်ဆင်ရေးပျံ သန်းမှုကို ဆောင်ရွက်ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

အဖွဲ့ဝင် ၂၂ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီတပ်ဖွဲ့မှာ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ပေါ်တူဂီနဲ့ အမေရိကန် စတဲ့ နေတိုးအဖွဲ့ဝင် ၈ နိုင်ငံက အမျိုးသမီးစစ်သည်တွေပါဝင်ပါတယ်။

 

နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးအင်အားတိုးမြှင့်ဖို့အတွက် မဟာမိတ်အဖွဲ့နိုင်ငံပေါင်းစုံတပ်ဖြန့်ထားမှုကို မြှင့်တင်ဖို့ နေတိုးအဖွဲ့အဆင့်မြင့်အထူးစောင့်ကြည့်ရေးအစီအစဉ်အရ အဲဒီအမျိုးသမီး AWACS အဖွဲ့ရဲ့ ပုံမှန်စစ်ဆင်ရေး ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

စစ်မြေပြင်မှာ လေကြောင်းစွမ်းရည်၊ ကျား/မတန်းတူအခွင့်အရေး၊ အားလုံးပါဝင်မှု နယ်ပယ်တွေမှာ အမျိုးသမီး တွေရဲ့ အောင်မြင်မှုတွေကို အလေးထားပြသချင်တဲ့အတွက် နေတိုးအဖွဲ့ရဲ့ လေကြောင်းကြိုတင်အချက်ပေး ကွပ်ကဲကြီးကြပ်ရေးစနစ် အမျိုးသမီးတပ်ဖွဲ့က ဒီစစ်ဆင်ရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

အမျိုးသားများလွှမ်းမိုးကြီးစိုးထားတဲ့ စစ်ဆင်ရေးနယ်ပယ်တွေမှာ အမျိုးသမီးတွေက တူညီတဲ့စွမ်းရည်တွေနဲ့အ တူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နိုင်တယ်ဆိုတာကို အခုအမျိုးသမီးတပ်ဖွဲ့ဝင်တွေက သက်သေပြလိုက် တာဖြစ်ကြောင်း ဝေဟင်စစ်သည်လေ့ကျင့်ရေးအကြီးအကဲ ဗိုလ်ကြီးခီရာက ပြောပါတယ်။

 

“စစ်ဆင်ရေးနဲ့ AWACS လေယာဉ်ပေါ်က လုပ်ငန်းတာဝန်တိုင်းကို အမျိုးသမီးစစ်သည်တွေက ထမ်းဆောင်နိုင် တယ်ဆိုတာ ဒီခရီးစဉ်က သက်သေပြလိုက်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၁၉၉၈ ခုနှစ်ကတည်းက နေတိုးအဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အမျိုးသမီးစစ်သည်ဦးရေ နှစ်ဆမြင့်တက် လာခဲ့ကြောင်း နေတိုးအဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

“အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခမှာရှိတဲ့ အချိုးအစားမညီတဲ့အကျိုးသက်ရောက်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေးမှာ အမျိုးသမီးတွေပါဝင်တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍနဲ့ မဟာမိတ်တပ်ဖွဲ့ကဆောင်ရွက်တဲ့လုပ်ငန်းတိုင်းမှာ မတူကွဲပြားတဲ့ ကျား/မ ရှုထောင့်အမြင်တွေကို ထည့်သွင်းပေါင်းစပ်ဖို့ အရေးကြီးပုံ စတာတွေကို အသိအမှတ်ပြု ဖို့အတွက် နေတိုးမဟာမိတ်အဖွဲ့ကြီးဟာ ၂၀၀၀ ပြည့်နှစ်မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအစီအစဉ်ကို စတင်တည်ထောင်ခဲ့ပါတယ်။

 

Ref: NATO Conducts First All-Female Command and Control Mission

 

#PeopleMedia


Share this post