• Follow Us on
Latest News

Home အမျိုးသမီးနှစ်ဦးကို တရုတ်အမျိုးသားထံပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူအား အလုပ်နှင့် ထောင် ဒဏ် ၁၂ နှစ်ချမှတ်

အမျိုးသမီးနှစ်ဦးကို တရုတ်အမျိုးသားထံပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူအား အလုပ်နှင့် ထောင် ဒဏ် ၁၂ နှစ်ချမှတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

အမျိုးသမီးနှစ်ဦးကို တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နေ ဒေါ်ဖြူဖြူဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နေ မ—၊ ၁၈ နှစ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နေ ဒေါ်—၊ ၃၃နှစ်တို့ကို တရုတ်အမျိုးသားယူလျှင် တရုတ်ယွမ်ငွေ ၂၀၀၀၀ ရမည်၊ တစ်လသာ ပေါင်းသင်းရမည်ဖြစ်ပြီး မပျော်ပါက ပြန်ခေါ်ပေးမည်ဟု ပြောဆိုစည်းရုံး၍ အဆင့်ဆင့် လွှဲပြောင်းပို့ ဆောင်ကာ ကြွေးမြီဖြင့် နှောင်ဖွဲ့၍ တရုတ်အမျိုးသား များထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လွယ်ဂျယ် နယ်မြေရဲစခန်း (ပ)၉/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေး ဖွင့်၍ ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၁၀ ရက်တွင် တရားခံဖြူဖြူဝင်းကို လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ အလုပ်နှင့်  ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post