• Follow Us on

Home အမျိုးသမီးနှစ်ဦးကို အက်စစ်ဖြင့်ပက်သည့် အမျိုးသားအား ဖမ်းဆီးရမိ

အမျိုးသမီးနှစ်ဦးကို အက်စစ်ဖြင့်ပက်သည့် အမျိုးသားအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် နိုင်းကြားရေးလမ်းတွင် ဖွင့်လှစ်ထားသည့် အလှပြင်ဆိုင်တွင် အမျိုးသမီးနှစ်ဦးကို အက်စစ်ဖြင့်ပက်သည့် အမျိုးသားအား ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက် ညခင်းအချိန်တွင် ကံပိုင်ရပ်ကွက် နိုင်းကြားရေးလမ်းရှိ အလှပြင်ဆိုင်သို့ အသက် (၄၅) နှစ်အရွယ်အမျိုးသားဖြစ်သူရောက်ရှိလာပြီး ၎င်းတစ်ဖက်သက်ချစ်ကြိုက်နေသည့် ထိုအလှပြင်ဆိုင်မှ ပိုင် ရှင်အမျိုးသမီးကို မော်တော်ယာဉ်ပေါ်သို့ အတင်းအကြပ်ဆွဲခေါ်ရာမှ အမျိုးသမီးမှာ ရုန်းကန်အော်ဟစ်အကူ အညီတောင်းသောကြောင့် ၎င်းတွင်အသင့်ပါလာသည့် အက်စစ်ဖြင့် အမျိုးသမီး၏ မျက်နှာကို ပတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် အသက် (၁၉) နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ရောက်ရှိလာပြီး ၎င်းလည်းအက်စစ်များပတ်ခံရ သောကြောင့် ဘယ်ဘက်လက်ဖျံနှင့် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ထိုကျူးလွန်သူအမျိုးသားကို ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ပိတ်ဆို့ ဖမ်းဆီးရာတွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဖမ်းဆီးရရှိသည့် အသက ်(၄၅) နှစ်အရွယ်အမျိုးသားကို တောင်ကုတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post