အမျိုးသမီးဖြစ်သူကို နေအိမ်သို့ပြန်ပို့သည့် ပရဟိတအဖွဲ့ဝင်များကို အမျိုးသားဖြစ်သူမှ ဓားဖြင့်ခုတ်

PUBLISHED - August 26, 2023
နေပြည်တော်၊ သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာအပိုင်း(ခ) တွင် နေထိုင် သည့် အမျိုးသမီးဖြစ်သူကို နေအိမ်သို့ပြန်ပို့သည့် ပရဟိတအဖွဲ့ဝင်များကို ၎င်း၏အမျိုးသားဖြစ်သူမှ ဓားဖြင့် ခုတ်ပြီး အသင်းယာဉ်ကိုလည်း ပျက်ဆီးအောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက် ည ၈ နာရီအချိန်တွင် ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်စကားများရာ အမျိုးသားဖြစ်သူမှ ဇနီးဖြစ်သူကို ရိုက်နှက်သောကြောင့် ဇနီးဖြစ်သူမှာ နေအိမ်မှ နှမ်းကြီးကျေးရွာသို့ထွက်ပြေးပြီးနောက် ညခင်း အချိန်တွင် ၎င်းမှာနေအိမ်သို့ပြန်ရန်အတွက် ဒေသခံပရဟိတအသင်းသို့ အကူအညီတောင်းခံသောကြောင့် ပရဟိတအဖွဲ့မှ အသင်းယာဉ်ဖြင့်ပြန်လည်ပို့ဆောင်ရာ နေအိမ်သို့အရောက်တွင် ၎င်း၏အမျိုးသားမှ ပရဟိတ အဖွဲ့ကို ဓားဖြင့်လိုက်လံခုတ်ရာတွင် အဖွဲ့ဝင်များမှ အခြားနေရာသို့တိမ်းရှောင်ထွက်ပြေးကြစဉ် အသင်းယာဉ်၏ နောက်မှန်များကို ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုအမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးရရှိပြီး ၎င်းကို ပုသိမ်ကြီးမြို့မရဲစခန်းမှလက်နက်ပဒေအရအမှုဖွင့်အရေးယူ ဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Photo – Credit
#PeopleMedia