• Follow Us on

Home အမျိုးသမီးအရာရှိများ ပျံသန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း တပ်ချုပ်ပြောကြား

အမျိုးသမီးအရာရှိများ ပျံသန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူပျံသန်းရေးတာဝန်များတွင် ထမ်းဆောင် နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၃၁ ရက်က မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် တွေ့ဆုံပြောကြားသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် တပ်မတော်(ကြည်း) တစ်ခုတည်းသာမက တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့၏ အင်အားနှင့် စွမ်းပကား များကိုလည်း မြှင့်တင်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် အဆင့်မြှင့် တင် တည်ဆောက်ပေးခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေး ထားကြောင်း၊ အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိမိတို့နိုင်ငံ အနေဖြင့် ဂျက်တိုက်လေယာဉ်များကို စတင်အသုံးပြုနိုင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ လေယာဉ်၊ရဟတ်ယာဉ်များသာမက လေကြောင်းဆိုင်ရာကျွမ်းကျင် သူ အရာရှိ၊ စစ်သည်များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်လျက်ရှိပြီး အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူ ပျံသန်းရေးတာဝန်များတွင် ထမ်းဆောင် နေပြီဖြစ်ကြောင်း ပြောသည်။

 

တပ်မတော်(လေ)အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေးနှင့် အရေးကြီးစစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူပေးတာဝန်များကို ဆောင်ရွက်ပေးရ ခြင်းဖြစ်ပြီး မြေပြင်တပ်ဖွဲ့ဝင်များအတွက် များစွာ အထောက်အကူပြုပေးနေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း တပ်မတော်(လေ) ကိုအဆင့်မြှင့် တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်များကိုသာမက လိုအပ်သည့် စက်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

 

#PeopleMedia


Share this post