အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ၏ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ပန်းပွဲတော်ကျင်းပမည်
PUBLISHED - December 6, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၆
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော် (Floral Fantasia) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော်အား အခြားနှစ်များနှင့်မတူ တစ်မူထူးခြားစွာ ကျင်းပသွားမည် ဖြစ်ပြီး၊ ဝင်ကြေးအနေဖြင့် လူကြီး ၃၀၀၀ ကျပ်၊ ကလေး ၂၀၀၀ ကျပ်(အသက် ၇ နှစ်အောက်)ဖြစ်ကြောင်း သိရသည်။
နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ပြင်ဦးလွင်မြို့ရှိ အ.ထ.က (၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ ဆုရလက်ရာများကို နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းပွဲတော် (Floral Fantasia) ပြခန်းတွင် ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia