အမျိုးသားတစ်ဦး မိမိလည်ပင်းကို ပဲနို့ပုလင်းကွဲဖြင့် ထိုးရာဒဏ်ရာအပြင်းအထန်ရရှိ

PUBLISHED - January 22, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၂
မော်လမြိုင်-မုဒုံလမ်းမကြီးရှိ ကွေ့ဝမ်းရွာထိပ်တွင် အမျိုးသားတစ်ဦး မိမိလည်ပင်းကို ပဲနို့ပုလင်းကွဲဖြင့် ထိုးရာဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီ ၅၀ အချိန်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်ရပ်ပြီး သူ၏လည်ပင်းကို ပဲနို့ပုလင်းကွဲဖြင့် ထိုးရာဒဏ်ရာအပြင်းအထန်ရရှိသောကြောင့် ထိုအမျိုးသားကို Freedom Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
“သူကရေးကနေ ဆွေမျိုးတွေရှိတဲ့ မော်လမြိုင်ကိုလာတာ။ အဲ့မှာ ဆိုင်ကယ်ရပ်ပြီး ပဲနို့ပုလင်းကွဲနဲ့ သူ့ကိုယ်သူ လည်ပင်းထိုးတာ။ အကျယ်က (၂) လက်မလောက်ရှိတယ်” လို့ Freedom Rescue အရေးပေါ်လူမှုကယ်ဆ ယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
လက်ရှိအချိန်တွင် မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်းလည်း သိရသည်။
Photo – Credit
#PeopleMedia