• Follow Us on

Home အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး

အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ဘုရင့်နောင်ရုပ်ထုနောက်ကျောရှိ မီးရထားသံလမ်းပေါ် တွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ယနေ့နံနက် ၆ နာရီအချိန်တွင် တောင်ငူမြို့မြောက်ဘက်အထွက်၊ မြို့အဝင် မီးရထားသံလမ်းတွင် အမျိုး သားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှု ကူညီရေးအသင်းမှ သွားရောက်ဆောင်ခဲ့ကြောင်း သိရသည်။

 

“ရထားလာတဲ့အချိန် ရထားလမ်းကို ကူးလိုက်တာ။ ဟိုက အရှိန်နဲ့လာတာ ဒီအမျိုးသားက ဖြတ်ကူးတဲ့ အချိန်မှာ တိုက်ခံရတာ” လို့ တောင်ငူမြို့ရှိ ပြည်သူတစ်ဦးမှ ပြောပါတယ်။

 

ထိုရထားတိုက်ခံရသည့် အမျိုးသားမှာ လက်ရှိအချိန်တွင် အမည်၊ နေရပ်လိပ်စာတို့ သိရှိရခြင်းမရှိကြောင်း၊ ရုပ်အလောင်းကို နန်းတော်ဦးနှင့် ကရုဏာရင်ခွင် ပရဟိတအသင်းမှ သွားရောကကူညီခဲ့ပြီး ရုပ် အလောင်းကို တောင်ငူဆေးရုံရေခဲတိုက်ထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#Peoplemedia


Share this post