• Follow Us on

Home အမျိုးသားဒီမိုကရေစီအင်အားစုပါတီနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၄

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက် တာမွေအဝိုင်းအနီး အနောက်မြင်းပြိုင်ကွင်းလမ်း ပထမထပ် အမှတ် ၄၇ တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြု ကြောင်း ကြေညာထားသည်။

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)] ၏ မှတ်ပုံတင်အမှတ်မှာ ၄၃ ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post