• Follow Us on
Latest News

Home အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင် ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားဆောင် ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများတိုးမြှင့် ဆောင်ရွက်သွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post