အမြင်သစ်ရထားလမ်းကွန်ရက်ကတစ်ဆင့် ထိုင်းလယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ မကြာမီ ရောက်ရှိတော့မည်
PUBLISHED - December 11, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁
ထိုင်းလယ်ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေကိုတင်ပို့ရာမှာ ရထားလမ်းသယ်ယူပို့ဆောင်ရေးကွန်ရက်တစ် ခုကို လည်ပတ်ဆောင်ရွက်နိုင်ဖို့အတွက် မဟာဗျူဟာမြောက်မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ထိုင်းနိုင်ငံမှာ နိုင်ငံ တကာအဆင့်အဖွဲ့အစည်းသုံးခု ပူးပေါင်းလိုက်ကြောင်း The Nation မှာရေးသားဖော်ပြထားပါတယ်။
နိုင်ငံတကာနည်း လမ်းပေါင်းစုံလော်ဂျစ်စတစ်ကုမ္ပဏီ (Global Multimodal Logistics – GML)၊ လယ်သမား များဆိုင်ရာဈေးကွက် အဖွဲ့အစည်း (Market Organisation for Farmers – MOF) နဲ့ PAS သယ်ယူပို့ဆောင် ရေးကွန်ရက်ကုမ္ပဏီ (Pan-Asia Silk Co Ltd – PAS) တို့ ပူးပေါင်းလိုက်တာဖြစ်ပါတယ်။
ဒီကွန်ရက်ကတော့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ချိတ်ဆက်သွားမယ့် သယ်ယူပို့ ဆောင်ရေးလမ်းကြောင်း ကွန်ရက်ဖြစ်ပါတယ်။
ဖွင့်ဖွဲခရီးစဉ်အခမ်းအနားကို လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနဝန်ကြီး ကပ္ပတိန်သမ်မာနတ်ဖရုမ် ဖအို၊ ဝန်ကြီးအကြံပေး ပါမောက္ခနတ်သိုမွန်ပင်ယိုဆင်ဝတ်၊ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာန အ မြဲတမ်းအ တွင်းဝန် ဖရာယွန်အင်စကူလ်နဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးအကြီးအကဲမှူး ဗန်နာ ဖုန်ခီတူဒတ်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် PTT ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံသစ်ရုံး ရုံးအဖွဲ့မှူး ဘူရန်းနင် ရတ္ထနာဆမ်း ဘတ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဖာနစ်ဟန်မီးချိုင်းယိုနဲ့ PAS သယ်ယူပို့ဆောင် ရေးကွန်ရက် ကုမ္ပဏီရဲ့ CEO ဖိလစ်ပ်ဇူးတို့ တက်ရောက်ခဲ့ကြပါတယ်။
ဖွင့်ပွဲခရီးစဉ်မှာ ထိုင်းလယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချန်ဒူးမြို့ကို ကုန်ရထားနဲ့ ပို့ ဆောင်မှာဖြစ်ပြီး အဲဒီကတစ်ဆင့် ရထားလမ်းအတိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂကို သွားရောက် မှာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) က ထိုင်းနိုင်ငံ မက်တာဖတ်ဘူတာရုံကနေ ထွက်ခွာသွားတဲ့ အဲဒီကုန်ရ ထားဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ချန်ဒူးမြို့ကို ဆိုက်ရောက်မှာဖြစ်ပါတယ်။
အဲဒီနောက် အဲဒီကုန်ရထားဟာ ရုရှားနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ ထိုင်း-လာအို-တရုတ် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားတဲ့ ဒီရထားလမ်းစီမံချက်ဟာ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမ ကြီးစီမံကိန်းနဲ့ ချိတ်ဆက်ဆောင်ရွက်ထားတာဖြစ်ပါတယ်။
ဒီရထားလမ်းစီမံချက်ရဲ့ ရည်မှန်းချက်ကတော့ ထိုင်းနိုင်ငံထုတ် စပယ်ပန်းဆန်၊ ဒူးရင်းနဲ့ ရော်ဘာတို့လို လယ် ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံကိုတင်ပို့ဖို့အတွက် ရထားလမ်းသယ်ယူပို့ဆောင်ရေးကို အသုံးပြုပြီး ထိုင်းနိုင် ငံရဲ့ စီးပွားရေးကို မြှင့်တင်သွားဖို့ဖြစ်ပါတယ်။
အခုစတင်လိုက်တဲ့ အစီအစဉ်သစ်ကြောင့် ထိုင်းလယ်ယာထွက်ကုန်တွေရဲ့တန်ဖိုးကို သိသိသာသာမြှင့်တင် သွားနိုင်ခြင်း၊ ထိုင်းလယ်ယာကဏ္ဍတည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်ခြင်း၊ လော်ဂျစ်စတစ်စွမ်းရည်ကို အကျိုးရှိစွာ အသုံးချသွားနိုင်ခြင်း၊ ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်းနဲ့ ဂေဟစနစ်ညီမျှမှုကို အထောက်အ ကူပြုနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိသွားမှာဖြစ်တယ်လို့ မျှော်လင့်ထားပါတယ်။
Ref: Thailand farm products will now reach global markets via innovative rail network
#PeopleMedia