အမြန်လမ်း ရဲအရာရှိအသတ်ခံရမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်နေရာမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံး လိမ်လည် ထွက် ဆိုနေကြောင်း ထိုင်းရဲချုပ်ပြော
PUBLISHED - September 16, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆
စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အမြန်လမ်းရဲအရာရှိတစ်ဦးအသတ်ခံရတဲ့ဖြစ်စဉ်အတွင်း အဲဒီနေရာ မှာရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးဟာ စုံစမ်းစစ်ဆေးရေးအရာရှိတွေကို လိမ်လည်ထွက်ဆိုနေကြောင်း ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ဆူရာချတ်ဟက်ပန်းက သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ နခုန်ပထုမ်ပြည်နယ်က သြဇာတိက္ကမရှိတဲ့သူတစ်ဦးဖြစ်တဲ့ “ကမ်နန်နော့” လို့ လူသိများတဲ့ ပရာဝီးချန် ခလိုင်ရဲ့ နေအိမ်မှာရှိတဲ့ CCTV ကင်မရာ ၁၅ လုံးကို စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြန်လည်ရယူပြီးနောက် ရဲချုပ်ဆူရာချတ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ပရာဝီးအိမ်မှာ စက်တင်ဘာလ ၆ ရက်နေ့က မွေးနေ့ပါတီပွဲတစ်ခုကျင်းပနေစဉ်အတွင်း အမြန်လမ်းရဲအရာရှိတစ် ဦးဖြစ်သူ ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ လူသတ်မှုဟာ ရာထူးတိုးမြှင့်ရေးကိစ္စကြောင်း ငြင်းခုန်ရင်းနဲ့ ဖြစ်ပွားလာရတာဖြစ်တယ်လို့ဆိုပါတယ်။
အခင်းဖြစ်စဉ်မှာ ပရာဝီးရဲ့တပည့်ဆိုသူ သန်နန်ချိုင်မန်မတ်ဆိုသူက ထမင်းစားစားပွဲဝိုင်းနားကို ရောက်ရှိလာပြီး ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ကြောင် မျက်မြင်သက်သေတွေက ပြောပါတယ်။
လူသတ်သမားမျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရအောင် အခင်းဖြစ်နေရာမှာရှိတဲ့ CCTV ကင်မရာနှစ်လုံးကို ကြိုးတွေဖြုတ်ထားတဲ့အတွက် ဒီလူသတ်မှုဟာ ကြိုတင်ကြံစည်ထားတဲ့လူသတ်မှုဖြစ်တာသေချာကြောင်း ရဲချုပ် ဆူရာချတ်က ပြောပါတယ်။
အဲဒီသက်သေခံအထောက်အထားကို ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းထားတာမို့လို့ အဲဒီ CCTV ကင်မရာနှစ်လုံးကို အ ကောင်းပကတိအတိုင်းပြန်ရဖို့ ခက်ခဲနေကြောင်း ဆူရာချတ်က ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေအပါအဝင် မျက်မြင်သက်သေအားလုံးကို စုံစမ်းစစ်ဆေးရေးအရာရှိတွေက မေး မြန်းစစ်ဆေးဖို့ နခုန်ပထုမ်မှာရှိတဲ့ အမှတ် ၇ ပြည်နယ်ရဲတပ်ဖွဲ့ဌာနချုပ်ကို ဆင့်ခေါ်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
CCTV ကင်မရာ ၁၃ လုံးကတော့ အခင်းမဖြစ်မီရော ဖြစ်ပွားပြီးအချိန်မှာရော အဲဒီနေရာမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ နောက်ဆုံးကျန်တဲ့ CCTV ကင်မရာနှစ်လုံးကို အကောင်းအတိုင်းပြန် လည်ရယူနိုင်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
“အခင်းဖြစ်ပွားချိန်မှာ အဲဒီနေရာကိုရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးဟာ လိမ်လည်ထွက်ဆိုနေပါတယ်။” လို့ ဆူရာချတ်က ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ နောက်ထပ်လိုအပ်တဲ့သူတွေကို ဖမ်းဆီးနိုင်အောင် ဖမ်းဝရမ်းတင်ပြတောင်းခံ ထားကြေင်း၊ ပရာဝီးအနေနဲ့ တရားဥပဒေလက်က ပြေးလွတ်မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ဒီအမှုနဲ့စပ်လျဉ်းပြီး အမြန်လမ်းရဲတပ်ဖွဲ့က အသက် ၄၄ နှစ်အရွယ် ဗာချီရာယိုထိုင်းဆန်ဆိုသူ ရဲမှူးကြီးတစ်ဦး လည်း စက်တင်ဘာလ ၁၁ ရက်နေ့ (တနင်္လာနေ့) က ၎င်းရဲ့အိမ်မှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ လုပ်ကြံပြီး သတ်သေခဲ့ပါတယ်။
Ref: All policemen lied to investigators over murder of fellow officer: Surachet
#PeopleMedia