အမြန်လမ်း (၃၉)မိုင်ရှိ “ရွှေပလ္လင်စားသောက်ဆိုင်”၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာ ရောင်းချနေမှုအား သွားရောက်စစ်ဆေးသိမ်းဆည်း

PUBLISHED - March 17, 2025
နေပြည်တော်၊ မတ် ၁၇
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၊ (၃၉)မိုင် ယာဉ်ရပ် နားစခန်းဝန်း အတွင်းရှိ ရွှေပလ္လင်စားသောက်ဆိုင်၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများ ရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာရောင်းချနေမှုအား တာဝန်ရှိသူများ သွားရောက် စစ်ဆေးသိမ်းဆည်းခဲ့သည်။
မတ်လ (၁၆)ရက် ည (၇)နာရီ (၄၅)မိနစ်အချိန်က “ရွှေပလ္လင်စားသောက်ဆိုင်”၌ တစ်ခါသုံးကော်ဖီခွက်များတွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာ ရောင်းချနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ရွှေပလ္လင်စားသောက်ဆိုင်အတွင်းမှ တစ်ခါသုံး ကော်ဖီခွက်များတွင် ဘုရားစေတီပုံများ ရိုက်နှိပ်ထား သည့် ကော်ဖီခွက် (၂၅)ခွက်အား ရှာဖွေတွေ့ရှိခဲ့ရာတွင် ဆိုင်မန်နေဂျာဖြစ်သူမှ အပ်နှံပေးခဲ့ပြီး ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူးမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
Photo-Credit
#PeopleMedia