• Follow Us on

Home အမြဲတမ်းဗီဇာကင်းလွတ်ခွင့်အရ တစ်ရက်ကို တရုတ်ခရီးသွား ၂၀,၀၀၀ ကျော် ဝင်ရောက်လာမယ်လို့ ထိုင်း နိုင်ငံ မျှော်လင့်ထား

အမြဲတမ်းဗီဇာကင်းလွတ်ခွင့်အရ တစ်ရက်ကို တရုတ်ခရီးသွား ၂၀,၀၀၀ ကျော် ဝင်ရောက်လာမယ်လို့ ထိုင်း နိုင်ငံ မျှော်လင့်ထား

Share this post

နိုင်ငံတကာ၊ မတ် ၂

 

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံခရီးသွားတွေကို အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် မတ် လ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံထဲကို တစ်ရက်ကို တရုတ်ခရီးသွား ၂၀၀၀၀ ကျော်ဝင်ရောက်လာမယ်လို့ ထိုင်း ခရီးသွားလုပ်ငန်းအသင်း (The Association of Thai Travel Agents – ATTA) က မျှော်လင့်ထားပါတယ်။

 

“ထိုင်းနိုင်ငံထဲမှာ ခရီးသွားလာနေကြတဲ့ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ယုံကြည်မှုကို အပြည့်အဝ ထိန်း သိမ်းထားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ပထမဦးဆုံး နှစ်လအတွင်းမှာတင် တရုတ်ခရီးသည် ၁ သန်းကျော်ဝင်ရောက် လာခဲ့ပါတယ်။” လို့ ATTA ဥက္ကဋ္ဌဆစ်ဒီဗချာချီးဝါရာတနာပွန်က သောကြာနေ့က ပြောပါတယ်။

 

“ဒါပေမဲ့ အုပ်စုလိုက်ခရီးသွားတဲ့သူတွေနဲ့ ချာတာလေယာဉ်တွေနဲ့ ခရီးသွားတဲ့လူတွေကို စည်းရုံးစုစည်းထားတဲ့ တရုတ်ခရီးသွားကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အစိုးရအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ လိုပါတယ်။” ၎င်းက ပြောပါ တယ်။

 

နှစ်နိုင်ငံကြား အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ပေးလိုက်တာဟာ တစ်နှစ်လုံးအတွင်း တစ်ရက်ကို တရုတ်ခရီးသွား အနည်းဆုံး ၂၀၀၀၀ ကျော်ဝင်ရောက်လာမှုကို ဆက်လက်ထိန်းသိမ်းသွားဖို့ အထောက်အကူပြုသွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

ဒီပမာဏဟာ ထိုင်းဘတ်ငွေ ၂.၃ ထရီလီယန်ရှာဖွေပေးနိုင်ရေးအတွက် ချမှတ်ထားတဲ့ ကမ္ဘာလှည့်ခရီးသွား သန်း ၄၀ ဝင်ရောက်လာရေး ရည်မှန်းချက် ပြည့်မီရေးအတွက် အထောက်အကူပြုသွားမှာဖြစ်ကြောင်း ဆစ်ဒီ ဗချာက ပြောပါတယ်။

 

“အဓိကအချက်က ယုံကြည်မှုမြင့်မားနေတာကို ဆက်လက်ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ခရီး သွားလာတဲ့အခါ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေမယ့် အထူးသဖြင့် ခရီးသွားတွေ ရဲ့လုံခြုံရေးကို ထိပါးစေမယ့် သတင်းဆိုးမျိုး လုံးဝမရှိအောင် အစိုးရအနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဖူးခက်ကိုလာရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံသားကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတစ်ဦး လေထီးခုန်ရင်း ခြေထောက်ကျိုးသွားလို့ အကူအညီတောင်းတဲ့အချိန်မှာ လူနာတင်ကားကို နှစ်နာရီလောက်စောင့်ခဲ့ရတဲ့ဖြစ်စဉ် ကို ၎င်းက ရည်ညွှန်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်ကို တရုတ်ကမ္ဘာလှည့်ခရီးသွားက ၎င်းရဲ့လူမှုကွန်ရက်ပေါ်မှာ မကြာသေးခင်ကပဲ တင်ခဲ့ပါတယ်။

 

“ကမ္ဘာလှည့်ခရီးသွားတွေဘေးကင်းလုံခြုံစေရေး ဂရုတစိုက်ဆောင်ရွက်ဖို့နဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအရည်အသွေးတွေ မြှင့်တင်ဖို့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအားလုံးကို အစိုးရက ညွှန်ကြား ထားရပါမယ်။ ဒါမှသာ ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေ အတွေ့အကြံကောင်းတွေကို ရရှိခံ စားရမှာဖြစ်ပါတယ်။” လို့ ဆစ်ဒီဗချာက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသားတွနဲ့ နိုဝင်ဘာလမှာ အိန္ဒိယနဲ့ ထိုင်ဝမ်နိုင်ငံသားတွေကို ယာယီဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

 

တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသားတွေအတွက် ယာယီဗီဇာကင်းလွတ်ခွင့်ဟာ အခုနှစ် ဖေဖော်ဝါရီလမှာ ၂၉ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ တရုတ်နိုင်ငံသားတွေကတော့ နှစ်နိုင်ငံအမြဲတမ်းဗီဇာကင်းလွတ်ခွင့်သဘောတူ ညီချက်အသစ်အရ မတ်လ ၁ ရက်နေ့ကစပြီး ဗီဇာမလိုဘဲ ထိုင်းနိုင်ငံထဲကို ဆက်လက်ဝင်ရောက်နိုင်မှာဖြစ်ပါ တယ်။

 

Ref: Thailand expects over 20,000 Chinese tourists a day as free visa starts

 

#PeopleMedia


Share this post