• Follow Us on
Latest News

Home အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ် (၁၀၀) ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာ ရောဂါကုသဆောင်ဖွင့်ပွဲနှင့် အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ နစကဒုတိယဥက္ကဋ္ဌ တက်ရောက်

အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ် (၁၀၀) ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာ ရောဂါကုသဆောင်ဖွင့်ပွဲနှင့် အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ နစကဒုတိယဥက္ကဋ္ဌ တက်ရောက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀) ပြည့် အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါ ကုသဆောင်ဖွင့်ပွဲနှင့် အကြိမ်(၃၀)မြောက် မြန်မာ့ တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန် နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါဆေးရုံ၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိ ယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဆိုင်းဘုတ်နှင့် ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင် ဆိုင်းဘုတ်တို့အား စက်ခ လုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြ ပြီး ဓာတ်ရောင်ခြည် နှင့်ကင်ဆာကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ကင်ဆာဆောင်၌ တက် ရောက် ဆေးကုသမှုခံယူလျက်ရှိသည့်လူနာများအား လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ယနေ့ ကျင်းပသည့် အခမ်းအနားသည် ဆေးဝန်ထမ်း တပ်ဖွဲ့၏ ဆေးရုံကြီးတစ်ရုံဖြစ်သည့် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) တည်ထောင်ခဲ့သော နှစ် (၁၀၀)ပြည့်သည့် အခမ်းအနား ပင်ဖြစ်ကြောင်း၊ ဆေးရုံကြီးကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခေတ် အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်း လာခဲ့သည့်အတွက် ယခု အခါတွင် အလွန်ဂုဏ်ယူဖွယ်ရာ နှစ်(၁၀၀)ပြည့် အခမ်းအနားသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့အတူ ဆေးဝန်ထမ်း တပ်ဖွဲ့၏ သုတေသန ဆောင်ရွက်ချက်များကို နိုင်ငံတကာအထိ ရောက်ရှိအောင် တင်ပြနိုင်သည့် အကြိမ် (၃၀)မြောက် မြန်မာ့ တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရှည်လျားလှသော သမိုင်းကြောင်း ရှိသည့် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)(ပြင်ဦးလွင်)၌ ယခုနှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းသည်လည်း အလွန်ပင်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်းဖြင့် ပြောသည်။

 

ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့စဉ်က အုပ်ချုပ်မှုအဆောက်အဦ ၆ လုံး၊ ဆေးကုသမှု အဆောက်အဦ ၁၀ လုံးနှင့် လူနေအဆောက်အဦ ၅ လုံး၊ စုစုပေါင်း ၂၁ လုံးတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင် အုပ်ချုပ်မှု အဆောက်အဦ ၃၁ လုံး၊ ဆေးကုသမှု အဆောက်အဦ ၃၈ လုံးနှင့် လူနေအဆောက်အဦ ၁၀၇ လုံး၊ စုစုပေါင်း ၁၇၆ လုံး အထိ အဆင့်ဆင့် တိုးချဲ့တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက   ယခုကဲ့သို့ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၏ နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့်အတူ ယနေ့တွင် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကိုလည်း တစ်ပေါင်းတည်း ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ပြောကြား သည်။

 

အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင် မောင်အေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊  ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post