• Follow Us on

Home အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦး ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌ မှာကြား

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦး ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

 

အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦးဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင် ရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းပါက ကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်သွားရန်လို ကြောင်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည် လည်ပတ်ထုတ်လုပ်နိုင် ရေးကို ကနဦးဆောင်ရွက်သွားရန်လိုပြီး နောက်ပိုင်းအဆင့်မြှင့်တင်နိုင်မည့်အခြေအနေများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုး ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)၊ စက်ရုံဝန်းအတွင်းရှိ ရေနံချက်စက်ရုံ(ခ)၊ ချောဆီစက်ရုံ၊ ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန်တို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုနောက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရေနံချက် စက်ရုံများအား အမြန်ဆုံး ပြန်လည် လည်ပတ် နိုင်ရေးကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်း စက်သုံးဆီ လိုအပ် ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 

#PeopleMedia


Share this post