အမှိုက်ကောက်သည့် အမျိုးသမီးတစ်ဦး မိုင်းပေါက်ကွဲ၍ သေဆုံး

PUBLISHED - July 13, 2023
နေပြည်တော်၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အမှိုက်ပုံးတွင် PDF ထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ အမှိုက်ကောက်သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကြာသေးမီရက်ပိုင်းက ဇနီးမောင်နှစ်ဦးမှာ ၎င်းတို့မွေးထားသည့် လသားအရွယ် ကလေးဖြစ်သူနှင့် အတူ မြို့ပေါ်ရပ်ကွက်ရှိ အမှိုက်ပုံးထဲတွင် ပလတ်စတစ်ဘူးခွံများ လိုက်ရှာနေစဉ် ဗိုလ်ချုပ်လမ်းရှိ အမှိုက်ပုံးထဲ တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ဇနီးဖြစ်သူမှာ သေဆုံးပြီး၊ အမျိုးသားဖြစ်သူနှင့် (၁၀) လ သားအရွယ်ရှိသည့် သားဖြစ်သူမှာ ထိခိုက်ဒဏ်ရာများမရရှိကြောင်း သိရသည်။
ထိုသေဆုံးသည့် အမျိုးသမီးမှာ မင်္ဂလာဥယျာဉ်ရပ်ကွက်တွင်နေထိုင်ပြီး အသက် (၂၂) နှစ်အရွယ် မဂျူ့မွန်အေး ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia