အယ်လ်ဂျာဇီးယားရုံးခန်းကို အစ္စရေး ဝင်ရောက်စီးနင်းပြီး သတင်းလုပ်ငန်းပိတ်သိမ်း
PUBLISHED - May 6, 2024
နိုင်ငံတကာ၊ မေ ၆
ကာတာနိုင်ငံပိုင် အယ်လ်ဂျာဇီးယားရုပ်သံဌာန ဒေသလုပ်ငန်းကို ပိတ်ပစ်ဖို့ အစ္စရေးအစိုးရက ဆုံးဖြတ်လိုက်ပြီး နောက် အယ်လ်ဂျာဇီးယားသတင်းဌာနက အသုံးပြုနေတဲ့ ဂျေရုဆလမ်မြို့ရှိ ဟိုတယ်ခန်းတစ်ခုကို အစ္စရေးအာ ဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးအရာရှိတစ်ဦးနဲ့ အယ်လ်ဂျာဇီးယားသတင်းရင်းမြစ်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အရှေ့ဂျေရုဆလမ်မှာရှိတဲ့ ဟိုတယ်ခန်းတစ်ခုထဲက ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေကို အရပ်ဝတ်နဲ့ အစ္စရေးအ ရှာရှိတွေက သိမ်းယူနေတဲ့ပုံကို အွန်လိုင်းပေါ်က ဗီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။
အယ်လ်ဂျာဇီးယားသတင်းဌာနဟာ အစ္စရေးအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုပြီး ဂါဇာ စစ်ပွဲဖြစ်ပွားနေသရွေ့ ဒီသတင်းဌာနကို ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုအစိုးရအဖွဲ့က ပိတ်ထားလိုက်တာဖြစ် တယ်လို့ ဆိုပါတယ်။
အစ္စရေးရဲ့လုပ်ရပ်ဟာ “ရာဇဝတ်မှုတစ်ခု” ဖြစ်ပြီး သတင်းကွန်ရက်က အစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်တယ်ဆို တဲ့စွပ်စွဲချက်ဟာ အယ်လ်ဂျာဇီးယားသတင်းထောက်တွေကို အန္တရာယ်တွင်းထဲတွန်းပို့နေတဲ့ ကြောက်စရာ ကောင်းပြီး အဓိပ္ပာယ်မရှိတဲ့ လိမ်ညာမှုတစ်ခုဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောပါတယ်။
သတင်းဌာနအနေနဲ့ ဥပဒေနဲ့အညီ တစ်ဆင့်ချင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်း ဌာနက ပြောပါတယ်။
အယ်လ်ဂျာဇီးယားသတင်းကွန်ရက်ဟာ စစ်ပွဲတစ်လျှောက်လုံး ဂါဇာမှာစစ်ဆင်ရေးဆောင်ရွက်နေတဲ့ အစ္စရေး စစ်တပ်ကို ဝေဖန်ခဲ့ပါတယ်။
အစ္စရေး ဂြိုဟ်တုနဲ့ ကေဘယ်ရုပ်သံထုတ်လွှင့်တဲ့ကုမ္ပဏီတွေကလည်း အစိုးရက ဆုံးဖြတ်ချက်ချလိုက်ပြီး နောက် ၎င်းတို့သတင်းဌာနတွေရဲ့ အယ်လ်ဂျာဇီးယားရုပ်သံထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။
ကာတာအစိုးရဟာ ကမ္ဘာတစ်ဝန်း နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ဖို့နည်းလမ်းတစ်ရပ်အဖြစ်ရှုမြင်ပြီး အယ်လ်ဂျာဇီးယား သတင်းဌာနကို ၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း အယ်လ်ဂျာဇီးယားသတင်းဌာန ပိတ်ပစ်တာကို ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ယူဆတဲ့ အစ္စရေးနိုင်ငံထဲက နိုင်ငံခြားသတင်းဌာနတွေ ကို ယာယီပိတ်သိမ်းဖို့ ဥပဒေတစ်ရပ်ကို အစ္စရေးလွှတ်တော်က ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပါတယ်။
အဲဒီဥပဒေအရ နတန်ယာဟုနဲ့ ၎င်းအစိုးရဟာ အယ်လ်ဂျာဇီးယားရုံးခန်းတွေကို ၄၅ ရက်အထိ ပိတ်ထားခွင့်ရှိတဲ့ အပြင် ဇူလိုင်လကုန်အထိဖြစ်စေ ဂါဇာဒေသက အဓိကစစ်ဆင်ရေးတွေ ပြီးဆုံးတဲ့အချိန်အထိဖြစ်စေ ပိတ်ထား နိုင်တယ်လို့ ဆိုပါတယ်။
Ref: Israeli authorities raid Al Jazeera after shutdown order
#PeopleMedia