အယ်လ်ရှာဖီဆေးရုံကြီးနဲ့ အဆက်အသွယ်ပြတ်တောက်နေကြောင်း WHO ပြော၊ ဓားစာခံတွေပြန်မလွှတ်မချင်း တိုက်ခိုက်မှုတွေရပ်စဲမှာမဟုတ်ကြောင်း နတန်ယာဟုပြော

PUBLISHED - November 13, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃
အစ္စရေးတပ်တွေ ဝိုင်းပတ်ပိတ်ဆို့ထားပြီး ပစ်ခတ်မှုတွေအောက်မှာရောက်နေတဲ့ ဂါဇာမြို့က အယ်လ်ရှီဖာဆေး ရုံကြီးနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (The World Health Organization) က ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အယ်လ်ရှာဖီဆေးရုံကြီးကိုတိုက်ခိုက်နေတာ အပြင်းထန်ဆုံးဖြစ်ကြောင်း၊ ဆေးရုံကြီး ဝင်းမှာ တကယ့်ဘေးဒုက္ခကပ်ဆိုးကြီးဆိုက်ရောက်နေတယ်လို့ အဲဒီဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေက ပြောကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့က ပြောပါတယ်။
ဆေးရုံကြီးအတွင်း ကလေးသူငယ်အများအပြားနဲ့ အထူးကြပ်မတ်ကုသနေရတဲ့လူနာငါးဦး သေဆုံးသွားပြီဖြစ် တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေဟာ ဆေးရုံတွေကို ၎င်းတို့ရဲ့စစ်ဆင်ရေးစခန်းတွေအဖြစ်အသုံးပြုသလို ၎င်းတို့အဖွဲ့ ရဲ့လက်နက်တွေကိုလည်း အဲဒီဆေးရုံတွေအောက်က လိုဏ်ခေါင်းတွေထဲမှာ သိုဝှက်ထားလေ့ရှိကြောင်း အစ္စ ရေးစစ်တပ်ကပြောပေမဲ့ ဟားမတ်စ်အဖွဲ့က ငြင်းဆိုထားပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဆေးရုံတွေကို ၎င်းတို့ရဲ့စစ်စခန်းတွေအဖြစ် စနစ်တကျအသုံးချနေကြတယ်လို့ ပြီးခဲ့တဲ့သီ တင်းပတ်က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟာဂရီက ပြောပါ တယ်။
အစ္စရေးနိုင်ငံက လောင်စာဆီပို့ပေးဖို့ကမ်းလှမ်းခဲ့တာကို အယ်လ်ရှာဖီဆေးရုံကြီးက ငြင်းပယ်ခဲ့ကြောင်း နိုဝင် ဘာလ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုက ပြောဆိုခဲ့ပေမဲ့ NBC သတင်းဌာနက အဲဒီသတင်းကိုသီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
အာရပ်နဲ့ အစ္စလာမ်မစ်ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့ မှာတွေ့ဆုံဆွေးနွေးခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ပါလက်စတိုင်းတွေ အ တွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ နိုင်ငံတကာကာကွယ်မှုတွေ ဆောင်ရွက်ပေးဖို့ တောင်း ဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၁၁၀၀၀ ကျော် သေဆုံးသွားပြီဖြစ်သလို လူဦးရေ ၁.၆ သန်းဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
အစ္စရေးဘက်လည်း ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် လူဦးရေ ၁၄၀၀ သေဆုံးခဲ့ပြီး ဓားစာခံအဖြစ် လူဦးရေ ၂၃၉ ဦး အဖမ်းခံထားရပါတယ်။ စစ်ပွဲပြီးသွားရင်လည်း ဂါဇာကမ်းမြောင်ဒေသလုံခြုံရေးကို အစ္စရေးနိုင်ငံက ဆက်လက်ထိန်းချုပ်ထားမှာဖြစ် ကြောင်း ဝန်ကြီးချုပ်နတန်ယာဟုက စနေနေ့က ပြောပါတယ်။
ဒါ့အပြင် ဟားမတ်စ်စစ်သွေးကြွတွေက ဓားစာခံ ၂၀၀ ကျော်ကို ပြန်မလွှတ်မချင်း ဘယ်လိုအပစ်အခတ်ရပ်စဲမှု ကိုမှ ဆောင်ရွက်သွားမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Deaths reported at Gaza’s largest hospital as WHO loses contact with it
#PeopleMedia