
PUBLISHED - January 17, 2020
ရန်ကုန်၊ ဇန်နဝါရီ – ၁၇
Photo – Competitor
(Unicode)
အရက်သောက်တော့ အသက်တိုပြီး မူးယစ်ဆေးဝါးစွဲပြီဆိုရင် ဘဝပျက်ခြင်းကြောင့် လူငယ်လူရွယ်များ သတိ ထားသင့်ကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်ပြောဆို
………………………………………………………
ရန်ကုန်၊ ဇန်နဝါရီ – ၁၇
အရက်သောက်တော့ အသက်တိုပြီး မူးယစ်ဆေးဝါးစွဲပြီးဆိုရင် ဘဝပျက်ခြင်းကြောင့် လူငယ်လူရွယ်များ သတိ ထားသင့်ကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ပြောဆိုလိုက်ပါတယ်။
“ရပ်ရွာအေးချမ်းဖို့ဆိုရင် အရက်နဲ့ မူးယစ်ဆေးဝါး အဓိကဆင်ခြင်ရမှာပဲ၊ ကျွန်တော်တို့ ကျေးရွာတွေမှာ အရက် သောက်ကြတာများတယ်။ အရက်သောက်တော့ အသက်တိုတာပေါ့။ မူးယစ်ဆေးဝါးစွဲပြီးဆိုရင် ဘဝပျက်တာပဲ၊ လူငယ်လူရွယ်တွေဆို သတိထားသင့်တယ်” ဟု သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ပြောပါတယ်။
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူ (၂၀၀) ခန့် စုပေါင်းပြီး ကောက်သစ်စားပွဲတော်မှာ အထက်ပါအတိုင်း သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
Photo – Competitor
#PeopleMedia