အရက်ဖိုးမပေးသော ဥူးဇင်းကို မြေးဖြစ်သူမှ ကြက်သွန်လှီးဓားဖြင့် ခုတ်သတ်

PUBLISHED - March 24, 2025
နေပြည်တော်၊ မတ် ၂၄
မတ်လ ၂၄ ရက် နံနက် ၇ နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်း၊ မဟာဗောဓိကျောင်းအတွင်းရှိ ကျောင်းဆောင်ထဲတွင် မြေးဖြစ်သူမှ ဥူးဇင်းကိုအရက်ဖိုးတောင်ရာ မပေး သောကြောင့် ကြက်သွန်လှီးဓားဖြင့် ခုတ်ရာ ထိုဥူးဇင်းပျံလွန်တော်မူသွားကြောင်း သိရသည်။
အဆိုပါ ပျံလွန်တော်မူသည့် ဥူးဇင်းမှာ သက်တော် (၇၄) နှစ်၊ ဝါတော် (၂၄) ဝါရှိပြီး၊ တူဖြစ်သူမှ ဥူးဇင်း၏ ညာဘက်လည်ပင်းကို ကြက်သွန်လှီးဓားဖြင့် ထိုးသွင်းရာ ဒဏ်ရာတစ်ချက်ရရှိပြီး ပျံလွန်တော်မူသွားကြောင်း သိရသည်။
“၂၃ ရက် ညခင်းကဖြစ်မယ်။ ကျူးလွန်သူက ဦးဇင်းရဲ့တူ။ သူကလည်း ဥူးဇင်းဝတ်ပြီး ပြန်ထွက်ထားတာ။ ခုအရက်ဖိုးလိုလို့ လာတောင်းတော့ ခုလိုဖြစ်သွားတာ” လို့ သထုံမြို့တွင် နေထိုင်သူတစ်ဦးမှ People Media သို့ဖြေကြားသည်။
ထိုကျူးလွန်သူမှာ ဥူးဇင်း၏မြေးတော်စပ်သူ ငြိမ်းချမ်းအောင်(ခ)ကျန်ကျောင်းဖြစ်ကြောင်း၊ ၎င်းကို ပိတော က်မြိုင်ရပ်ကွက်၊ ကျောက်လုံးကြီးလှေဆိပ်တွင် တာဝန်ရှိသူများမှ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဥူးဇင်း၏ ရုပ်အလောင်းကို သထုံမြို့ပြည်သူ့ဆေးရုံသို့ ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia