• Follow Us on

Home အရည်အသွေးညံ့ဖျင်းတဲ့ရောင်းမစွံဈေးပေါပစ္စည်းတွေ အလုံးအရင်းတင်သွင်းလာမှုကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

အရည်အသွေးညံ့ဖျင်းတဲ့ရောင်းမစွံဈေးပေါပစ္စည်းတွေ အလုံးအရင်းတင်သွင်းလာမှုကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၄

 

လိုင်စင်၊ မှတ်ပုံတင်၊ ငွေပေးချေမှုနဲ့ အရည်အသေးထိန်းချုပ်မှုတို့ကို တင်းကျပ်စွာ စစ်ဆေးခြင်းအပါအဝင် ထိုင်း နိုင်ငံထဲကို ဝင်ရောက်လာတဲ့ သံသယဖြစ်ဖွယ် သွင်းကုန်တွေကို တားဆီးဖို့အတွက် အရှိန်မြှင့်ဆောင်ရွက်ဖို့ အ စိုးရအဖွဲ့အစည်းတွေကို ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ညွှန်ကြားလိုက်ပါတယ်။

 

ဒေသတွင်းကုန်ထုတ်လုပ်သူတွေဟာ အများအပြား ထိခိုက်နေတဲ့အတွက် အွန်လိုင်းကတစ်ဆင့်ရောင်းချတဲ့ နိုင်ငံခြားကုန်ပစ္စည်းတွေ အထူးသဖြင့် ဈေးပေါတဲ့တရုတ်ထုတ်ပစ္စည်းတွေကို မကြာသေးခင်ရက်တွေမှာပဲ တင်း တင်းကျပ်ကျပ် စစ်ဆေးတာတွေ ပြုလုပ်လာခဲ့ပါတယ်။

 

အွန်လိုင်းကဖြစ်စေ ပုံမှန်လမ်းကြောင်းကဖြစ်စေ ကိုယ့်နိုင်ငံမှာ ရောင်းမစွံလို့ ပြည်ပနိုင်ငံမှာ လျှော့ဈေးနဲ့ လာ ရောက်ရောင်းချနေတဲ့ ပစ္စည်းတွေကို အခုလအကုန်မှာ ပိုမိုပြင်းထန်စွာ အရေးယူဆောင်ရွက်တာကို မြင်ချင် ကြောင်း မစ္စတာဆရက်ထာက အင်္ဂါနေ့ (သြဂုတ်လ ၁၃ ရက်နေ့) က အစိုးရအဖွဲ့အစည်းအဝေးတစ်ခုမှာ ပြော ပါတယ်။

 

အရင်က ကင်းလွတ်ခွင့်ပြုထားတဲ့ ဘတ်ငွေ ၁၅၀၀ အောက်တန်ကြေးရှိတဲ့ သွင်းကုန်အားလုံးကို ပြီးခဲ့တဲ့လက အစိုးရက တန်ဖိုးဖြည့်ခွန် (value-added tax) ၇% တိုးမြှင့်သတ်မှတ်လိုက်သလို အကောက်ခွန် နှုန်းထားတွေ တိုးမြှင့်ဖို့လည်း ဆွေးနွေးနေပါတယ်။

 

နှစ်စဉ်အွန်လိုင်းလမ်းကြောင်းတွေကတစ်ဆင့် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ အရေအတွက်နဲ့ တန်ဖိုးတွေ ကို ကန့်သတ်ဖို့ ကုန်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရွန်ကီက အင်္ဂါ နေ့က ပြောပေမဲ့ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

မစ္စတာဆရက်ထာနဲ့ မစ္စတာချိုင်း နှစ်ဦးစလုံးက တရုတ်နိုင်ငံကို နာမည်တပ်ရည်ညွှန်းပြောဆိုခြင်းမရှိပေမဲ့ ဒေ သတွင်းထုတ်လုပ်သူတွေဟာ တရုတ်ကုန်ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်မှုကြောင့် အနှောင့်အယှက်ဖြစ်နေရတယ် လို့ ထိုင်းစက်မှုလုပ်ငန်းဖက်ဒရေးရှင်းနဲ့ ထိုင်းကုန်သည်ကြီးများအသင်းအပါအဝင် အဖွဲ့အစည်းတွေက ပြောပါ တယ်။

 

“အွန်လိုင်းကတစ်ဆင့် အလုံးအရင်း တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေပမာဏဟာ ပုံမှန်မဟုတ်ဘဲ အရမ်းမြင့် တက်နေပါတယ်။ ဒီလိုမြင့်တက်မှုဟာ ကျွန်တော်တို့နိုင်ငံက ဒေသတွင်းကုန်ထုတ်လုပ်သူတွေကို အကြီးအ ကျယ် ထိခိုက်စေပါတယ်။ အထူးသဖြင့် SME (အသေးစား/အလတ်စားစီးပွားရေးလုပ်ငန်းတွေ) တွေကို ထိခိုက် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်နေမှာ မဟုတ်ပါဘူး။” လို့ အစိုးရ အစည်းအဝေးအပြီးမှာ မစ္စတာချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

 

 

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကုန်ထုတ်စွမ်းအားမြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ ဈေး ပေါတဲ့ထုတ်ကုန်တွေကို တင်ပို့မှုအတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ခံနေရပေမဲ့လည်း နိုင်ငံတွေက ပိုမိုကြီးမား ကျယ်ပြန့်လာတဲ့ ကုန်သွယ်ရေးမညီမျှမှု၊ စက်ရုံပိတ်သိမ်းမှု ပြဿနာတွေနဲ့ နပန်းလုံးနေရတဲ့အတွက် တရုတ် ထုတ်ကုန်တွေဟာ နောက်ကျပြီးမှသာ စစ်ဆေးခံကြရပါတယ်။

 

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကလည်း သံမဏိ၊ အထည်အလိပ်၊ ပလစ်စတစ်၊ သားရေ၊ ရော် ဘာ၊ သစ်နဲ့ စားသောက်ကုန်တွေတွေဖြစ်တဲ့ တရုတ်ထုတ်ကုန်တွေ ဝင်ရောက်လာမှုကို တင်းတင်းကျပ်ကျပ် အလေး ထားစစ်ဆေးခဲ့ကြပါတယ်။

 

Ref: PM wants stricter curbs on cheap-product dumping

 

#PeopleMedia


Share this post