• Follow Us on
Latest News

Home အရပ်ဘက်ကုန်သင်္ဘောတွေတိုက်ခိုက်ခံရပြီးနောက် အမေရိကန်နဲ့ ဗြိတိန် ယီမင်ရှိ ဟူသီသူပုန်တွေကို ပူးပေါင်း တိုက်ခိုက်

အရပ်ဘက်ကုန်သင်္ဘောတွေတိုက်ခိုက်ခံရပြီးနောက် အမေရိကန်နဲ့ ဗြိတိန် ယီမင်ရှိ ဟူသီသူပုန်တွေကို ပူးပေါင်း တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

 

ဟူသီသူပုန်တွေက အရပ်ဘက်ကုန်တင်သင်္ဘောတွေကို တောက်လျှောက်တိုက်ခိုက်နေတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီ သူပုန်တွေရဲ့ပစ်မှတ်မျိုးစုံကို ဇန်နဝါရီလ ၁၁ ရက်နေ့က ခရုစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေ ရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

“ဒီကနေ့ညမှာ အမေရိကန်စစ်တပ်ပါဝင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဟာ ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေထိန်းချုပ် ထားတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ သတင်းအသေးစိတ်ကို မကြာခင်မှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။” လို့ အဆိုပါစစ်ဘက်အရာရှိက ပြောပါတယ်။

 

“အခုပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတာဟာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာတွေ၊ ဒါမှမဟုတ် ကမ္ဘာပေါ်က အရေးအကြီးဆုံးစီးပွားရေးလမ်းကြောင်းထဲက တစ်ခုဖြစ်တဲ့နေရာမှာ ရေကြောင်းသွားလာခွင့်ကို အန္တရာယ်ရှိအောင်ဆောင်ရွက်နေတာတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဖက်နိုင်ငံတွေက ခွင့်ပြုသည်းခံ မှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးအကြောင်းကြားလိုက်တာပဲဖြစ်ပါတယ်။” လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

ဟူသီသူပုန်အဖွဲ့က အခုလိုဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရလိမ့်မယ် လို့ နောက်ဆုံးသတိပေးချက်အနေနဲ့ ဇန်နဝါရီလ ၃ ရက်နေ့က အမေရိကန်နဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံက ပူးတွဲသ တိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့က အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီသူပုန် တွေဟာ ဒရုန်းနဲ့ ဒုံးကျည်ပေါင်း နှစ်ဒါဇင် ကျော်ကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်လေယာဉ် တင်သင်္ဘော USS Dwight D. Eisenhower က F/A-18 ဂျက်တိုက်လေယာဉ်တွေနဲ့ USS Gravely၊ USS Laboon၊ USS Mason ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သ င်္ဘောတွေက အဲဒီရန်သူ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့က တိုက်ခိုက်မှုမှာ ဗြိတိန်ရေတပ်က HMS Diamond ပဲ့ထိန်းဒုံကျည်တပ်ဖျက်သင်္ဘော လည်း ပါဝင်ခဲ့ပြီး ရန်သူ့ဒရုန်း ၇ စင်းကို ပစ်ချခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဂရန့်ရှပ်စ်က ပြောပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဟူသီသူပုန်တွေဟာ ပင်လယ်နီထဲက အရပ် ဘက်ကုန်တင်သင်္ဘောတွေသွားလာ နေတဲ့လမ်းကြောင်းကို နိုဝင်ဘာလ ၁၉ရက်နေ့ စတင်တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး ၂၇ ကြိမ်မြောက်တိုက်ခိုက်ခဲ့ ပါတယ်။ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ် ကြီး ချားလ်စ်ကျူဘရောင်းဂျူနီယာ၊ ဗြိတိန်ကာစစ်ဦး စီးဌာနအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဆာတိုနီရာဒါ ကင်နဲ့ ကာကွယ်ရေးဝန်ကြီးဂရန့်ရှပ်စ်တို့က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ “ကောင်းကင်ကိုစောင့်ကြည့်ပါ။” လို့ ပြောဆိုလိုက်ပြီးနောက် အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့ဝင်တွေ က အခုလို ဟူသီသူပုန်ပစ်မှတ်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်တိုက်ခိုက်မှုကို ခေါင်းငုံ့ခံနေမှာမဟုတ်ကြောင်း၊ လက်တုံ့ပြန်တိုက်ခိုက်မှုဟာ ဇန်နဝါရီလ ၉ ရက်နေ့ က တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်မှာဖြစ်ကြောင်း ဟူသီသူပုန်ခေါင်းဆောင် အဗ္ဗဒူမာလစ်က ဇန်နဝါရီလ ၁၁ ရက်နေ့ကမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

Ref: US, UK Strike Houthis in Yemen Following Ship Attacks

 

#PeopleMedia


Share this post