• Follow Us on
Latest News

Home အရပ်သားတစ်ဦးသေတိုင်း အကြမ်းဖက်သမား ၁၀ ဦး တိုးပွားလာကြောင်း အမေရိကန်လွှတ်တော်အမတ်ပြော

အရပ်သားတစ်ဦးသေတိုင်း အကြမ်းဖက်သမား ၁၀ ဦး တိုးပွားလာကြောင်း အမေရိကန်လွှတ်တော်အမတ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

 

ပါလက်စတိုင်းအရပ်သားတစ်ဦးသေဆုံးတိုင်း အကြမ်းဖက်သမား ၁၀ ဦး စုဆောင်းပြီးသားဖြစ်နေကြောင်း အမေ ရိကန် အောက်လွှတ်တော်အမတ် ဆဲလတ်တ်မောင်တန်က ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွတစ်ဦးသေဆုံးဖို့အတွက် ပါလက်စတိုင်းအရပ်သားနှစ်ဦးသေရတယ်ဆိုတဲ့ အစ္စရေးကာ ကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်နသန်ကော်နာကက်စ်ရဲ့စကားဟာ အလွန်အကျွံအကောင်းမြင်လွန်းတဲ့ အ ချိုးဖြစ်လို့ သဘောမတူကြောင်း ဆဲလတ်တ်မောင်တန်က ပြောပါတယ်။

 

အမေရိကန် အောက်လွှတ်တော်အမတ် ဆဲလတ်တ်မောင်တန်က အင်တာဗျူးတစ်ခုမှာ CNN သတင်းဌာန သတင်းတင်ဆက်သူ အဲရင်းဘားနတ်ကို အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

“သဘောမတူပါဘူး။ ကျွန်တောထင်ပါတယ်။ အဲဒီပြောကြားချက်ဟာ အကြီးအကျယ်မှားယွင်းနေပါတယ်။” လို့ အီရန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဆဲလတ်တ်မောင်တန်က ပြောပါတယ်။

 

အရပ်သားတစ်ဦးသေဆုံးတိုင်းမှာ အကြမ်းဖက်သမား ၁၀ ဦး စုဆောင်းပြီးသားဖြစ်နေပြီလို့ ပြောဆိုခဲ့တဲ့ အမေရိ ကန်ကြည်းတပ် အငြိမ်းစားဗိုလ်ချုပ်ကြီးစတန်လီမက်ခရစ္စတယ်လ်ပြုလုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုတစ်ခုကို ဆဲ လတ်တ်မောင်တန်က ကိုးကားပြောဆိုခဲ့ပါတယ်။

 

“အရေအတွက်အရပြောရရင် အစ္စရေးက ဒီကနေ့အချိန်အထိ ဟားမတ်စ်အကြမ်းဖက်သမား ၅၀၀၀ ဝန်းကျင်ကို သုတ်သင်ရှင်းလင်းပြီးပြီလို့ပြောတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေဟာ နောက်ထပ် အ ကြမ်းဖက်သမားအသစ် ၁၀၀၀၀၀ ဝန်းကျင် စုဆောင်းပြီးသွားပြီဖြစ်ပါတယ်။ ဒါဟာ အစ္စရေးအတွက် သတင်း ဆိုးတစ်ခုပါပဲ။” မောင်တန်က ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှုမတိုင်ခင် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဂါဇာကမ်းမြောင်ဒေသက ဒေသခံ ၁၀ ယောက်မှာ ၆ ယောက်ဟာ ဟားမတ်စ်တွေကိုမထောက်ခံဘူးဆိုတာ သိရကြောင်း လွှတ်တော်အ မတ် ဆဲလတ်တ်မောင်တန်က ပြောပါတယ်။

 

“ပါလက်စတိုင်းအများစုက ဟားမတ်စ်အဖွဲ့ကို မထောက်ခံဘူးဆိုတာ အစ္စရေးအတွက် တကယ့်အခွင့်ကောင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ စိုးရိမ်စရာက ပါလက်စတိုင်းအများစုဟာ အစ္စရေးကို ဆန့်ကျင်ကြတဲ့ဖြစ်ရပ်ဘက်ကိုပြန် လှည့်သွားတဲ့ အခြေအနေပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင် သေဆုံးခဲ့သလို ပါလက်စတိုင်းလူမျိုး ၁၆,၂၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၁.၉ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို ဟားမတ်စ်တွေလက်ထဲမှာ လည်း ဓားစာခံ ၁၄၀ ဝန်းကျင် ထိန်းချုပ်ထားဆဲရှိပါသေးတယ်။

 

Ref: Israel’s assessment on civilian-Hamas militant fatality ratio is “dead wrong”, US Rep. Seth Moulton says

 

#PeopleMedia


Share this post