• Follow Us on
Latest News

Home အရာတော်မြို့တွင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

အရာတော်မြို့တွင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ဆည်ကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

သြဂုတ်လ ၂ ရက် နံနက် ၈:၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အရာတော်မြို့ရှိ ကျေးရွာများအား လုံ ခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း ဆည်ကြီးကျေးရွာအနီးရှိ PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ရာတွင် PDF များ၏ဖောက်ခွဲရေးအတွက် အသုံးပြုသည့် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ထို သိမ်းဆည်းရမိသည်များမှာ လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံး၊ ယမ်းမှုန့် ၄ ပိဿာခန့်၊ ဝါယာကြိုး ၄ ခွေ၊ ဘက္ထရီ အိုး ၂ လုံး နှင့် အိုင်ကွန်ဆက်သွယ်ရေးကြိုး ၂၀ ပေခန့် ၁ ခွေတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post