• Follow Us on
Latest News

Home အရာတော်မြို့တွင် PDF များ၏ စခန်းကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိ

အရာတော်မြို့တွင် PDF များ၏ စခန်းကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကြွေပုကန်ကျေးရွာအနီးတွင် PDF များ၏ စခန်းကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ သတင်းရရှိသောကြောင့် အရာတော်မြို့ရှိ ကြွေပုကုန်ကျေးရွာအနီးသွားရောက်ရှင်းလင်းရာ PDF များနှင့်လုံခြုံရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွား ကြောင်း သိရသည်။

 

ထိုတိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့မှ PDF များ၏ လက်လုပ်သေနတ် ၁၁ လက်၊ RPG ဒုံးသီး ၁ လုံး၊ လက်လုပ်ရှော့ တိုက်ဒုံးသီး ၃ လုံး၊ မိုင်းမျိုးစုံ ၆ လုံး၊ ဝါယာကြိုး ၁ ခွေ နှင့် ၇ ယောက်အိပ်လူနေတဲ ၅ လုံးတို့ကို သိမ်းဆည်းရရှိ သော်လည်း PDF များကိုပစ်ခတ်နိုင်ခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post