• Follow Us on

Home အရာတော်မြို့တွင် PDF (၄) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အရာတော်မြို့တွင် PDF (၄) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၊ ရွေးရင်းကျေးရွာအနီးတွင် PDF အလောင်း (၄) လောင်းနှင့် အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇူလိုင်လ ၁၁ ရက် နံနက် ၈ နာရီကျော်တွင် အရာတော်မြို့ရှိ ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ် မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း PDF များနှင့်တိုက်ပွဲဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

 

ထိုအပြန်အလှန်ပစ်ခတ်ရာတွင် PDF အလောင်း (၄) လောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် လက်လုပ်သေနတ် ၂ လက်၊ ၉ မမကျည် ၆ တောင့်၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ လက်လုပ်ကျည်အိမ် ၁ ခု နှင့် စကားပြောစက် ၁ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post