• Follow Us on

Home အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသို့ PDF က Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသို့ PDF က Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇွန် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် လူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဦးမောင်စည်ကို(၃၈)နှစ်၊ မထက်မြတ်သူ(၂၈)နှစ်နှင့် မတင်မိုးဝင်း(၂၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အရာတော် မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ကျေးရွာအတွင်းသို့ Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post