• Follow Us on

Home အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးပြောကြား

အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသော အဖြစ်မျိုးမဖြစ်စေရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတရရှိစေရေး လိုအပ်သည်ဖြစ်ရာ အခြေခံအားဖြင့် မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေများအနက် သိသင့်သိထိုက်သော ဥပဒေများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို မှတ်သားသိရှိနေရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် လိုအပ်ကြောင်း ပြောသည်။

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအသိရှိသူများ ပေါ်ထွန်းလာစေရေးတို့အတွက် ယနေ့ဟောပြောပွဲမှရရှိခဲ့သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို့၏နိုင်ငံနှင့်ဌာနအတွက် လက်တွေ့ကျကျ ကောင်းစွာအသုံးချသွားကြရန်နှင့် ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာပြည်သာယာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံနေထိုင်သူများဖြစ်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

 

#PeopleMedia


Share this post