• Follow Us on

Home အရာတော်မြို့နယ်တွင် PDF အဖွဲ့ဝင်များ၏ အလောင်း (၁၀) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

အရာတော်မြို့နယ်တွင် PDF အဖွဲ့ဝင်များ၏ အလောင်း (၁၀) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး PDF အဖွဲ့ဝင်များ၏ အလောင်း (၁၀) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

 

ဖေဖော်ဝါရီလ (၂၂) ရက် ညနေပိုင်းက အရာတော်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင် (၂၀၀) ဦးခန့်သည် မိနစ် (၃၀) ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး PDF အဖွဲ့ဝင်များဘက်မှ အလောင်း (၁၀) လောင်း၊ M-22 သေနတ် (၁) လက်၊ M-16 သေနတ် (၁) လက်၊ M-79 သေနတ် (၁) လက်၊ လက်လုပ်သေ နတ် (၈) လက်၊ ဗုံးသီးနှင့် ကျည်မျိုးစုံ (၁၀၀) ခန့်၊ လက်ပစ်ဗုံး (၃) လုံး၊ ဆေးပစ္စည်းမျိုးစုံ (၂) အိတ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၂၂) ရက်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့အား စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် နစက က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post