အရာတော်မြို့နယ်၌ လက်နက်ခဲယမ်းများ၊ ဗုံးများ၊ မိုင်းများအချိန်မီလာရောက်အပ်နှံကြရန်နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်နေသည့်ကျေးရွာများအား စစ်ကြောင်းများချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးစာ ထွက်ပေါ်

PUBLISHED - September 14, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၄ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်တန့် ရန်နှင့် တာဝန်ရှိသူများထံ လက်နက်ခဲယမ်းများ၊ ဗုံးများ၊ မိုင်းများအချိန်မီလာရောက်အပ်နှံကြရန်၊ အလင်းဝင် ရောက်ကြရန် သတိပေးစာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြန့်ဝေသောစာ၌ PDF များ များပြားပြီး လူသတ်၍ လုံခြုံရေးတပ်ဖွဲ့များအား မိုင်းထောင်တိုက်ခိုက်မှု ကြောင့် ကြွေပုဂံရွာနှစ်ရွာအား ရွာဖျက်၍ရွှေ့ပြောင်းသွားမည်ဖြစ်ပြီး ဗုံး၊ မိုင်းနှင့် သေနတ်များပြုလုပ်ဖြန့်ဖြူး ရောင်းချနေပြီး PDF စခန်းနှင့် PDF များရှိသော မလဲသာ၊ ကန်ရင်းရွာများအားလည်း ရွာဖျက်၍ တိုင်းအစိုးရမှ ချပေးသည့်နေရာသို့ ရွှေ့ပြောင်းစေမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် ဆန့်ကျင်ဆန္ဒပြပြီး PDF အဖွဲ့များစုဖွဲ့ထားသည့် မကျီးကန်၊ နောင်ကြီးအိုင်၊ မင်းရွာတို့ကိုလည်း ရွာ ရွှေ့ပြောင်းစေရေး ဆက်လက်စီမံသွားမည်ဖြစ်သည်ဟုဆိုသည်။
အလားတူ မြို့ရွာများအလိုက် အကြမ်းဖက်လူသတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည့်ကျေးရွာ များအား အထက်ပါအတိုင်းရွှေ့ပြောင်းစေမည်ဖြစ်ပြီး အကြမ်းဖက်ချေမှုန်းရေးကို စစ်ကြောင်းများချထား ဆောင် ရွက်သွားဖြစ်ကြောင်း ဖော်ပြပါရှိသည်။
#PeopleMedai #အရာတော်မြို့နယ် #သတိပေးစာ
(unicode)
………………………………………………………………..