အရာတော်မြို့နယ်၌ ဒေသခံ PDF စခန်းနှစ်ခုကို လုံခြုံရေးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရပြီး PDF အဖွဲ့ ဝင်အချို့ ဖမ်းဆီးခံခဲ့ရ၊ မုံရွာ-အရာတော်လမ်းကို အများပြည်သူများ အသုံးမပြုရန် ဒေသခံ PDF အဖွဲ့များ ထုတ် ပြန်
PUBLISHED - October 22, 2021
မုံရွာ၊ အောက်တိုဘာ ၂၂ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ ဒေသခံ PDF စခန်းနှစ်ခုကို လုံခြုံရေးအဖွဲ့များက တောလမ်း အတိုင်းဝင်ရောက်ပြီး တစ်ပြိုင်နက် စီးနင်းဝင်ရောက်တိုက်ခိုက်ရာ PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ယနေ့နံနက် ၄ နာရီအချိန်ခန့်၌ လုံခြုံရေးအဖွဲ့များသည် ဒေသခံ PDF အဖွဲ့၏ စခန်းဖြစ်သော မုံရွာရိန်းဂျားအဖွဲ့ စခန်းနှင့် သပြေညိုစခန်းကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“လုံခြုံရေးအဖွဲ့တွေက တောလမ်းအတိုင်းခြေလျင်တက်ပြီး ဝင်ရောက်စီးနင်းတာ ဖြစ်နိုင်ပါတယ်။ အချို့ PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရတယ်။ စခန်းတွေလည်း မီးရှို့ခံလိုက်ရတယ်” လို့ ဒေသခံအချို့က ပြောပါတယ်။
လက်ရှိအချိန်၌ ဒေသခံ PDF အဖွဲ့ ၅ ဖွဲ့က မုံရွာ-အရာတော်လမ်းကို အများပြည်သူများ လုံးဝ အသုံးမပြုကြရန် ထုတ်ပြန်မှုများ ပြုလုပ်ထားပါတယ်။
Photo – credit
#PeopleMedia #အရာတော်မြို့ #PDF
(unicode)
……………………………………………………………….
Photo – credit