အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် (၁၀၂၉) ဦးကို နုတ်ထွက်ခွင့်ပြုပြီး မှား ယွင်းစုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ၊ စစ်သည်များကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ပြောကြား

PUBLISHED - March 19, 2022
နေပြည်တော်၊ မတ် ၁၉
တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို နုတ်ထွက် ခွင့်ပြုပြီး၊ မှားယွင်းစုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ၊ စစ်သည်များကို အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကာကွယ်ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်က အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို နုတ်ထွက် ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း မှားယွင်းစုဆောင်းခြင်းခံခဲ့ရ တယ်လို့ စိစစ်တွေ့ရှိရတဲ့ အသက်မပြည့် စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူတွေစီ ပြန်လည်လွှဲပြောင်းပေး နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေနဲ့ ဆန္ဒမပါသူတွေကို မှား ယွင်းစုဆောင်းခဲ့တဲ့ တာဝန်ရှိသူအရာရှိ၊ စစ်သည်တွေကို အရေးယူဆောင်ရွက်ခဲ့ပါတယ်” လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ထိုကဲ့သို့ တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် ထုတ် ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပေးခဲ့ ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia