• Follow Us on

Home အရှေ့တောင်အာရှ ရေပိုင်နက်ထဲမှာ သြစတေးလျတပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်မည်

အရှေ့တောင်အာရှ ရေပိုင်နက်ထဲမှာ သြစတေးလျတပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂

 

ပထမဦးဆုံးအကြိမ် သြစတေးလျနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေပါဝင် တဲ့ ကရီးစ်ဝူးမီနာပူးတွဲစစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် သြစတေးလျနိုင်ငံ ဒါဝင်မြို့က HMAS Adelaide (အိပ်ချပ် အမ်အေအက်စ်-အဒယ်လ်လိမ့်ယ်) သင်္ဘောပေါ်ကို သြစတေးလျနဲ့ အင်ဒိုနီးရှား တပ်ဖွဲ့ဝင် ၁၀၀၀ ဝန်းကျင် တက်ရောက်လိုက်ပါသွားမှာဖြစ်ပါတယ်။

 

ဒီစစ်ရေယာဉ်ဟာ နိုဝင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာကျွန်းနဲ့ ဘာလီကျွန်းကြားက အင်ဒိုနီးရှား ရေ ပြင်မှာ ကမ်းတက်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

အခုစစ်ရေးလေ့ကျင့်မှုတွေဟာ ဖိလစ်ပိုင်သင်္ဘောတွေနဲ့ မကြာခဏထိပ်တိုက်တွေ့ဆုံနေတဲ့ တရုတ်နိုင်ငံက ယှဉ်ပြိုင်နေတဲ့ အစိတ်အပိုင်းတစ် ရပ်ဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တပ်ဖြန့်ချထားရေး ပါဝင်တဲ့ အင်ဒို-ပစိတ် ကြိုးပမ်းအားထုတ်မှု (Indo-Pacific Endeavour) ခေါ် ဒေသတွင်း ကြီးမားကျယ်ပြန့်တဲ့ စစ်ရေးလေ့ကျင့် မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

ဒေသတွင်း သြစတေးလျ လေယာဉ်တွေနဲ့ ရေတပ်တွေ လွတ်လပ်စွာသွားလာခွင့် စစ်ရေးလေ့ကျင့်မှုကို တရုတ် နိုင်ငံက ဆန့်ကျင်နေတာဟာ အန္တရာယ်ရှိပြီး ကျင့်ဝတ်နဲ့မညီဘူးလို့ သြစတေးလျအစိုးရက ပြောပါတယ်။

 

တရုတ်နိုင်ငံရဲ့ ရေပိုင်နက်တောင်းဆိုမှုတွေဟာ ဥပဒေနဲ့မညီကြောင်း နိုင်ငံတကာထိပ်တန်းတရားရုံးတစ်ခုက အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ တရုတ်နိုင်ငံက အဲဒီထုတ်ပြန်ချက်ကို ပယ်ချခဲ့ပါတယ်။

 

အငြင်းပွားရေပိုင်နက်ထဲမှာ တရုတ်ရေတပ်သင်္ဘောတွေဟာ နိုင်ငံတကာဥပဒေကို လိုက်နာလိမ့်မယ်လို့ မျှော် လင့်ကြောင်း Indo-Pacific Endeavour စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ်ဟားရစ်က ပြောပါတယ်။

 

“တောင်တရုတ်ပင်လယ်အဝန်းအဝိုင်းက နိုင်ငံတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။” လို့ စစ် ရေးလေ့ကျင့်မှုမစတင်မီ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

 

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒေသတွင်းဝန်းကျင်တစ်ခုကို ကျွန်တော်တို့ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာ ဥပဒေ တွေကို လေးစားလိုက်နာပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ တခြားဆက်သွယ်ဆောင်ရွက်မှုတွေ လိုအပ်လာပြီ ဆိုရင်လည်း ဒီနည်းလမ်းအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ Indo-Pacific Endeavour စစ်ရေးလေ့ကျင့်မှုမှာ သြစတေးလျတပ်ဖွဲ့ဝင် အင်အား ၃၅၀၀ ဝန်းကျင်နဲ့ ရေတပ်စစ်သင်္ဘော ၅ စီးအထိ ပါဝင်ဆင်နွှဲသွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

Indo-Pacific Endeavour စစ်ရေးလေ့ကျင့်မှုမှာ သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား မော်လဒီးစ်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမောနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်မှာဖြစ်ပါတယ်။

 

အခုသီတင်းပတ်အတွင်း စတင်မယ့် ငါးလကြာ စစ်ရေးလေ့ကျင့်မှုမှာ ဆိပ်ကမ်းဝင်ရောက်ခြင်း၊ လူသားချင်းစာ နာမှုအကူအညီများပေးအပ်ခြင်း၊ ဘေးအန္တရာယ်အကူအညီပေးအပ်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းနဲ့ ယဉ်ကျေးမှု လုပ်ငန်းများဆောင်ရွက်ခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

 

သြစတေးလျနိုင်ငံဟာ သြဂုတ်လ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ တောင်တရုတ်ပင်လယ်ထဲမှာ ဆောင်ရွက် ခဲ့တဲ့ သီးခြားစစ်ရေးလေ့ကျင့်မှုမှာလည်း ကနေဒါ၊ ဖိလစ်ပိုင်၊ အမေရိကန်ပြည်ထောင်စုတို့နဲ့အတူ ပူးပေါင်းပါဝင် ခဲ့ပါတယ်။

 

သြစတေးလျနိုင်ငံက ပေါင်းစပ်ညှိနှိုင်းတဲ့ Indo-Pacific Endeavour စစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၇ ခုနှစ်ကနေ နှစ်စဉ်ဆောင်ရွက်လာတဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

 

Ref: Thousands of Aussie troops head off to war games in Southeast Asia

 

#PeopleMedia


Share this post