• Follow Us on

Home အရှေ့ဘက်နယ်စပ်ဒေသတွေကို အားဖြည့်ပေးဖို့ ပိုလန်နဲ့ ဘော်လတစ်သုံးနိုင်ငံ ဥရောပသမဂ္ဂကိုတိုက်တွန်း

အရှေ့ဘက်နယ်စပ်ဒေသတွေကို အားဖြည့်ပေးဖို့ ပိုလန်နဲ့ ဘော်လတစ်သုံးနိုင်ငံ ဥရောပသမဂ္ဂကိုတိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဇွန် ၂၈

 

ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့ရဲ့ ခြိမ်းခြောက်မှုတွေ စိုးမိုးနေတဲ့အတွက် ပိုလန်နိုင်ငံနဲ့ ဘော်လတစ်သုံးနိုင်ငံ တို့ဟာ ၎င်းတို့ရဲ့ အရှေ့ဘက်နယ်စပ်ဒေသတွေကို အားဖြည့်ပေးဖို့ အခုသီတင်းပတ်အတွင်းမှာ ဘယ်လ်ဂျီယမ် ဘရပ်ဘဲလ်မှာရှိတဲ့ ဥရောပသမဂ္ဂကို စာတစ်စောင်ပေးပို့ တင်ပြထားပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင် ဒီလေးနိုင်ငံဟာ ယူကရိန်းဘက်က ပြတ်ပြတ်သားသား ထောက်ခံခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။

 

ရုရှားနိုင်ငံဟာ ခြိမ်းခြောက်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူတွေကို သွင်းထည့်ခြင်း၊ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်ခြင်း၊ သတင်းအတုတွေ ထုတ်လွှင့်ခြင်း၊ နိုင်ငံခြားသတင်းတွေကို ကြိုးကိုင်ကစားခြင်း၊ ကြားဖြတ် ဝင်ရောက်နှောင့်ယှက်ခြင်းနဲ့ ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခြင်းအပါအဝင် အမျိုးအစားပေါင်းစုံပါဝင်တဲ့တိုက် ခိုက်မှုတွေကို ဆောင်ရွက်နေကြောင်း အဲဒီလေးနိုင်ငံက စွပ်စွဲပြောဆိုလျက်ရှိပါတယ်။

 

ဥရောပသမဂ္ဂ ၂၇ နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့အတွင်း ကာကွယ်ရးအစီအစဉ်တွေအတွက် ဘတ် ဂျက်ပိုမိုသုံးစွဲပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ပိုလန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနိုင်ငံ တွေက ခေါင်းဆောင်တွေက တိုက်တွန်းထားတဲ့စာကို ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်နေ့) က AFP သတင်း ဌာနက ဖတ်ရှုခဲ့ရပါတယ်။

 

“ရုရှား/ ဘယ်လာရုစ်တို့နဲ့ ထိစပ်နေတဲ့ ဥရောပသမဂ္ဂပြင်ပနယ်စပ်ဒေသတစ်လျှောက် ကာကွယ်ရေးအခြေခံအ ဆောက်အအုံစနစ်တစ်ခုတည်ဆောက်ခြင်းဟာ စစ်ရေးနဲ့ နည်းလမ်းပေါင်းစုံခြိမ်းခြောက်မှုတွေက ဥရောပသမဂ္ဂ ကိုကာကွယ်ဖို့အတွက် အရေးကြီးတဲ့လိုအပ်ချက်ကို ကိုင်တွယ်ဆောင်ရွက်တာပဲဖြစ်ပါတယ်။” လို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

 

ရုရှားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပိုလန်နဲ့ ဘော်လတစ်သုံးနိုင်ငံဟာ ၎င်းတို့ရဲ့ အရှေ့ဘက်နယ်စပ်ဒေသတွေကို ခံစစ်ပြင် အားဖြည့်တည်ဆောက်ထားပါတယ်။

 

ပိုလန်နိုင်ငံဟာ ၎င်းတို့ရဲ့နယ်စပ်ဒေသကာကွယ်ရေးအသုံးစရိတ်အတွက် ယူရိုငွေ ၂.၃ ဘီလျံ (ဒေါ်လာ ၂.၅ ဘီလျံ) ကျော်ကို လျာထားပါတယ်။ အဆိုပါလေးနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ပေးပို့တဲ့စာဟာ နယ်စပ်ဒေသတွေကို နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ကာကွယ်ရေး ထောက်ပံ့ပေးဖို့ တိုက်တွန်းထားတဲ့ ဘရပ်ဆဲလ်မှာကျင်းပတဲ့ ဥရောပသမဂ္ဂရဲ့နှစ်ရက်ကြာအစည်း အဝေးနဲ့ လာရောက်တိုက်ဆိုင်နေပါတယ်။

 

ဥရောပသမဂ္ဂဟာ ရုရှား၊ ဘယ်လာရုစ်နဲ့ အပေါင်းအပါနိုင်ငံတွေ ကျူးလွန်မယ့် မျှော်လင့်မထားတဲ့ နည်းလမ်း ပေါင်းစုံတိုက်ခိုက်ရေးရဲ့ ပစ်မှတ်တစ်ခုဖြစ်ကြောင်း အဲဒီလေးနိုင်ငံက သတိပေးလိုက်ပါတယ်။

 

ရုရှားနိုင်ငံဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလာနိုင်တဲ့ လူဦးရေထောင်ပေါင်းများစွာကို မော်စကိုကို လေယာဉ်နဲ့ ခေါ်လာပြီး အဲဒီပုဂ္ဂိုလ်တွေကို အရှေ့ဘက်နယ်စပ်တွေကတစ်ဆင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲကို မောင်း သွင်းဖို့ ကြိုးပမ်းနေတယ်လို့ ပိုလန်နိုင်ငံက ပြီးခဲ့တဲ့လက စွပ်စွဲခဲ့ပါတယ်။

 

Ref: Poland, Baltics Urge EU to Strengthen Eastern Borders

 

#PeopleMedia


Share this post