• Follow Us on
Latest News

Home အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်၊ အီရန်က အစ္စရေးကို နောက်ဆုံးအသုတ် ဒုံးကျည်နဲ့ နှစ်ကြိမ်ပစ်

အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်၊ အီရန်က အစ္စရေးကို နောက်ဆုံးအသုတ် ဒုံးကျည်နဲ့ နှစ်ကြိမ်ပစ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂

 

အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို နောက် ထပ် အင်အား သုံးလေးထောင်ထပ်မံ ဖြည့်တင်းထားလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

အစ္စရေးက လက်ဘနွန်စစ်သွေးကြွအုပ်စုခေါင်းဆောင် ဟက်ဆန်နက်ရှ်ရာလာကို ပြီးခဲ့တဲ့အပတ်က လုပ်ကြံ သတ်ဖြတ်လိုက်ပြီးနောက် အစ္စရေး-ဟစ်ဘိုလာ ပဋိပက္ခမြင့်တင်လာပြီး ဒေသတွင်း ကျယ်ပြန့်တဲ့စစ်ပွဲတစ်ခုဖြစ် လာမှာ စိုးရိမ်နေစဉ် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို အခုလို စစ်အင်အား အနည်းငယ် ထပ်မံဖြည့် တင်းထားတာဖြစ်ပါတယ်။

 

“အရှေ့အလယ်ပိုင်းဒေသမှာ တပ်စွဲထားပြီးသား တပ်ဖွဲ့တွေရှိတဲ့နေရာမှာ အင်အားအနည်းငယ်ထပ်ဖြည့်လိုက် တာပါ။ တပ်ဖွဲ့ဝင်တွေ အလှည့်ကျ လဲလှယ်ပေးရမယ့်အစား အခုအချိန်မှာ ထပ်ပြီး အင်အားဖြည့်ပေးလိုက်တာ ဖြစ်ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ် ဒုတိယသတင်းထုတ်ပြန်ရေးအတွင်းဝန် ဆာဘရီနာဆင်းက တနင်္လာနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) က သတင်းထောက်တွေကို ပြောပါတယ်။

 

“ဒီအင်အားဖြည့်တင်းမှုထဲမှာ F-16, ၊ F-15E ၊ A-10 ၊ F-22 ဂျက်တိုက်လေယာဉ်တွေနဲ့ သက်ဆိုင်ရာ လေသူ ရဲတွေ၊ စက်မှု/အုပ်ချုပ်မှု တပ်ဖွဲ့ဝင်တွေပါဝင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ် လေယာဉ်အုပ် ၃ အုပ် ထပ်မံရောက်ရှိလာမှာဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က အင်္ဂါနေ့က ပြောပါတယ်။

 

အစ္စရေးနိုင်ငံက လက်ဘနွန်တောင်ပိုင်းက ဟစ်ဘိုလာစခန်းတွေကို ရှင်းလင်းတိုက်ခိုက်ဖို့အတွက် ဒေသတွင်း ကန့်သတ်ထိုးစစ်တစ်ခုကို စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်က အမေ ရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်ကို ရှင်းပြခဲ့ကြောင်း အစ္စရေးက အင်္ဂါနေ့က ပြောပါတယ်။

 

အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဟစ်ဘိုလာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့အ တွက် အစ္စရေးကို ထောက်ပံ့ကူညီဖို့ ကမ်းလှမ်းခဲ့ကြောင်း သြစတင်က ပြောပါတယ်။

 

အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုကို အစ္စရေးကတိုက်ခိုက်တာကို လက်တုံ့ပြန်ရာမှာ အီရန်အ နေနဲ့ အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်လာမယ်ဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးကို ခံစားရမှာဖြစ် ကြောင်းလည်း ၎င်းက အီရန်ကို သတိပေးလိုက်ပါတယ်။

 

ဒါပေမဲ့ အခုနှစ်အစောပိုင်းက အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်ခဲ့သလိုမျိုး အီရန်နိုင်ငံက အင်္ဂါနေ့က အစ္စရေးနိုင် ငံထဲကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်ရာမှာ ဒုံးကျည်အရေအတွက် အများအပြားကို အသုံးပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ပက်ရွိုင်ဒါက သတင်းထောက်တွေကို ပြောပါတယ်။

 

အီရန်ဒုံးကျည်အများပြားကို အစ္စရေးက ကြားဖြတ်ပစ်ချခဲ့သလို အမေရိကန်ဖျက်သင်္ဘောနှစ်စင်းကလည်း အ များအပြားပစ်ချခဲ့တဲ့အတွက် မြေပြင်မှာ ထိခိုက်မှု မဆိုစလောက်သာရှိကြောင်း ရွိုင်ဒါက ပြောပါတယ်။

 

Ref: US Boosting Forces in Middle East by a ‘Few Thousand’ Troops and Iran Launched Twice as Many Missiles as in Last Attack on Israel: Pentagon

 

#PeopleMedia


Share this post