အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်စခန်းတွေ တိုက်ခိုက်ခံနေရစဉ်အတွင်း အမေရိကန်ကြည်းတပ်က Coyote 2C ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ် ၆၀၀ မှာယူ

PUBLISHED - February 13, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃
အမေရိကန်ကြည်းတပ်ဟာ Coyote 2C ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ် ၆၀၀ ထုတ်လုပ်ပေးဖို့ ကန်ထရိုက် လုပ်ငန်းတစ်ခုကို RTX ကုမ္ပဏီကို အပ်နှံလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ပင်လယ်နီထဲမှာ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီစစ်သွေးကြွတွေက အမေရိ ကန်စစ်သင်္ဘောတွေကို တိုက်ခိုက်လာပြီးနောက်မှာ အခုလို ဒေါ်လာ ၇၅ သန်းတန် ကန်ထရိုက်လုပ်ငန်းကို တက်သုတ်ရိုက် အပ်နှံလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိ ကန်တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ပါတယ်။
“ဒီစာချုပ်ဟာ Coyote ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ်ဝယ်လိုအားကို မြှင့်တင်ပေးလိုက်သလို နောက်ဆက် တွဲ ထုတ်လုပ်မှုစွမ်းရည်ကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။” လို့ အမေရိကန်ကြည်းတပ်က ပြောပါတယ်။
အမေရိကန်ကြည်းတပ်က Coyote ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ် ၇၀၀၀ ဝန်းကျင် လိုချင်နေကြောင်း သ တင်းတွေထွက်ပေါ်လာပြီးနောက်မှာ အခု ကန်ထရိုက်စာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။
အမေရိကန်ကြည်းတပ်ဟာ Coyote 2C ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ် ၆၀၀၀၊ Coyote 3 ဒရုန်းတိုက် ဖျက်ရေးလက်နက်စနစ် ၇၀၀၊ လောင်ချာ ၂၅၂ လက်၊ Ku-band ရေဒါ ၁၁၈ စုံနဲ့ ရွေ့လျားရေဒါ ၃၃ စုံတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက တောင်းခံခဲ့ပါတယ်။
ကြည်းတပ်ဟာ ဒီလက်နက်စနစ်ကို စတင်ထုတ်လုပ်ခဲ့တဲ့ ရေသီယွန် ကုမ္ပဏီကို လုပ်ငန်းအပ်နှံဖို့ ရည်ရွယ်ခဲ့ပေ မဲ့ လက်နက်စနစ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ရတဲ့ တခြားစိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကိုလည်း ထည့်သွင်းစဉ်းစားသွားနိုင်တယ်လု့ိ ဆိုပါတယ်။
ရော့ကက်မော်တာနဲ့ တာဘိုအင်ဂျင်အသုံးပြုထားတဲ့ Coyote ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ်ဟာ ရေဒါ စနစ်ပဲ့ထိန်းလမ်းညွှန်သုံး ဒုံးကျည်ဖြစ်ပြီး တိုက်ရိုက်ပေါက်ကွဲအားကို အသုံးပြုတဲ့ (kinetic) ဒုံးကျည်နဲ့ အီလက် ထရောနစ်စစ်ဆင်ရေးနဲ့ တခြားဓာတ်ရောင်ခြည်စနစ်တွေကိုအသုံးပြုတဲ့ (non-kinetic) ဒုံးကျည်ဆိုပြီး မူကွဲ နှစ် မျိုးရှိပါတယ်။
Coyote 2C ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ်ဟာ kinetic ဒုံးကျည်ဖြစ်ပြီး Coyote 3 လက်နက်စနစ်ကတော့ non-kinetic ဒုံးကျည်ဖြစ်ပါတယ်။
တစ်ခါသုံးလက်နက်စနစ်မဟုတ်တဲ့ ဒီဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ်ကို အခြေချစခန်းတွေမှာရော မြေပြင် သွားယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်သဘောၤတွေလို ရွေ့လျားယာဉ်တွေမှာရော တပ်ဆင်အသုံးပြုနိုင်ပါ တယ်။
Ref: US Army Orders 600 Coyote Drone Interceptors amid Middle East Attacks
#PeopleMedia