• Follow Us on
Latest News

Home အရှေ့အလယ်ပိုင်းမျက်နှာစာကို ပြောင်းလဲပစ်မယ်လို့ နတန်ယာဟုပြောထားတဲ့အတိုင်း အစ္စရေးစစ်တပ်က ဆီးရီးယားပစ်မှတ်တွေကို အကြိမ် ၄၈၀ တိုက်ခိုက်ခဲ့

အရှေ့အလယ်ပိုင်းမျက်နှာစာကို ပြောင်းလဲပစ်မယ်လို့ နတန်ယာဟုပြောထားတဲ့အတိုင်း အစ္စရေးစစ်တပ်က ဆီးရီးယားပစ်မှတ်တွေကို အကြိမ် ၄၈၀ တိုက်ခိုက်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

 

အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် ဆီးရီးယားနိုင်ငံထဲက စစ်ရေးပစ်မှတ်တွေကို အစ္စရေးအစိုးရက လေ ကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

 

ဒါ့အပြင် အစ္စရေးမြေပြင်တပ်တွေဟာ အစ္စရေးနဲ့ ဆီးရီးယားကြားက ကြားခံစစ်ကင်းမဲ့ဇုံတစ်ခုကို ကျော်လွန်ပြီး တော့လည်း ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။

 

အစ္စရေးရေတပ်က ဆီးရီးယားရေတပ်အုပ်စုကို ညတွင်းချင်း တိုက်ခိုက်ဖျက်ဆီးပစ်သလို အစ္စရေးလေတပ်က လည်း ဆီးရီးယားနိုင်ငံထဲကစစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ အကြိမ် ၄၈၀ ဝန်းကျင်တိုက်ခိုက်ခဲ့ရာ ဆီးရီးယားရဲ့ မဟာဗျူဟာမြောက်က်နက်သိုလှောင်ရုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

 

အာဆတ်အစိုးရပြိုလဲသွားတာဟာ ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း ဆီးရီးယားကို တိုက်ခိုက် ခြင်းမပြုမီတစ်ရက်အလိုမှာ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုက ပြောပါတယ်။

 

“ဆီးရီးယားအစိုးရ ပြိုကျသွားတာဟာ ကျွန်တော်တို့တွေ ဟားမတ်စ်၊ ဟစ်ဘိုလာ၊ အီရန်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေထဲက ထွက်ပေါ်လာတဲ့ တိုက်ရိုက်အကျိုးရလဒ်ပဲဖြစ်တယ်။ အီရန်ရဲ့မဟာမိတ်အဖွဲ့တွေဟာ အခုထိ ပျောက်ကွယ်မသွားသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတိပြုထားတဲ့အတိုင်း အရှေ့အလယ်ပိုင်းဒေသ မျက်နှာစာ ကို ကျွန်တော်တို့ ပြောင်းလဲပစ်မှာဖြစ်ပါတယ်။” လို့ နတန်ယာဟုက ပြောပါတယ်။

 

ဟစ်ဘိုလာကို လက်သပ်မွေးထားတဲ့ အီရန်နိုင်ငံရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဆီးရီးယားအာဆတ်အစိုးရကျဆုံး ခန်းကို အစ္စရေးအရာရှိတွေက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပေမဲ့ သိမ်းပိုက်ခံဂိုလန်ကုန်းမြင့်ဒေသနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ ဆီးရီးယားကို အခြေခံဝါဒီတွေ အုပ်စိုးလာမှာ ကိုလည်း စိုးရိမ်နေကြပါတယ်။

 

ဆီးရီးယားနိုင်ငံမှာရှိတဲ့ ဓာတုလကနက်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ သိုလှောင်ထားတဲ့ လက်နက်တိုက် အ စွန်းရောက်ဝါဒီတွေလက်ထဲ မရောက်သွားအောင် ကာကွယ်တဲ့အနေနဲ့ အဲဒီလက်နက်တိုက်တွေကို အစ္စရေးနိုင် ငံက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယန်ဆာက တနင်္လာနေ့က သတင်းထောက် တွေကို ပြောပါတယ်။

 

“အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီးပြောရအောင် ကျွန်တော်က ရှေ့ဖြစ်ဟောဆရာမဟုတ်ပါ ဘူး။ လက်ရှိအချိန်မှာ အစ္စရေးလုံခြုံရေးနဲ့ ဆက်စပ်ပြီး လိုအပ်တဲ့အဆင့်တွေအားလုံး ဆောင်ရွက်ဖို့က အရေး ကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အင်္ဂါနေ့အစောပိုင်းကစပြီး ပေါက်ကွဲသံတွေကြားနေရပြီး ပြီးခဲ့တဲ့သီတင်းပတ်တစ်ခုလုံး ဆက်တိုက် တိုက်ခိုက်ခဲ့ ကြောင်း ဒမတ်စကတ်မှာရှိတဲ့ CNN သတင်းအဖွဲ့ကပြောသလို အခုဗုံးကြဲတိုက်ခိုက်မှုဟာ ၁၅ နှစ်အတွင်း ဒမတ် စကတ်မှာ အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ ဆီးရီးယားတက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice of the Capital အဖွဲ့က ပြောပါတယ်။

 

အစ္စရေးလေတပ်က ဆောင်ရွက်ခဲ့တဲ့ တိုက်ခိုက်မှုပေါင်း ၄၈၀ မှာ အကြိမ်ပေါင်း ၃၅၀ ဟာ ဂျက်တိုက်လေယာဉ် တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။

 

အစ္စရေးဂျက်တိုက်လေယာဉ်တွေဟာ ဒမတ်စကတ်၊ တားတပ်စ်၊ လာတာကီယာနဲ့ ပယ်လ်မိုင်ရာမှာရှိတဲ့ လေ ယာဉ်ကွင်းတွေ၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ် တွေ၊ တင့်ကားတွေနဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း IDF က ပြောပါတယ်။

 

အစ္စရေးစစ်သင်္ဘောတွေဟာ ဆီးရီးယားသင်္ဘော ၁၅ စင်း လွန်းတင်ထားတဲ့ သင်္ဘောကျင်းတွေနဲ့ ရေပြင်-ရေပြင် ပစ်ဒုံးကျည်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း IDF က ပြောပါတယ်။

 

Ref: Israel strikes Syria 480 times and seizes territory as Netanyahu pledges to change face of the Middle East

 

#PeopleMedia


Share this post