• Follow Us on

Home အရှေ့အလယ်ပိုင်းမှာ ပိုပိုကျယ်ပြန့်လာမယ့် စစ်ပွဲဖြစ်ပွားမယ့်အန္တရာယ် လျော့ကျသွားဖွယ်ရှိကြောင်း အမေရိ ကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌပြော

အရှေ့အလယ်ပိုင်းမှာ ပိုပိုကျယ်ပြန့်လာမယ့် စစ်ပွဲဖြစ်ပွားမယ့်အန္တရာယ် လျော့ကျသွားဖွယ်ရှိကြောင်း အမေရိ ကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇

 

အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာအဖွဲ့တွေ နောက်ထပ်တင်းမာမှုတွေမရှိဘဲ အပြန်အလှန်ပစ်ခတ်ခဲ့ ကြပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ပိုမိုကျယ်ပြန့်တဲ့စစ်ပွဲတစ်ခုဖြစ်ပွားလာမယ့် အန္တရာယ် လျော့ပါးသွားခဲ့ ပြီဖြစ်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး စီကျူဘရောင်း (C.Q. Brown) က တနင်္လာနေ့ (သြဂုတ်လ ၂၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဒါပေမဲ့ အီရန်နိုင်ငံဟာ အစ္စရေးကို တိုက်ခိုက်ဖို့ ချိန်ဆနေတဲ့အတွက် အီရန်ဟာ အရေးကြီးတဲ့ခြိမ်းခြောက်မှုတစ် ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဟစ်ဘိုလာအဖွဲ့က ရော့ကက်တွေ၊ ဒရုန်းတွေ ရာနဲ့ချီအသုံးပြုပြီး အစ္စရေးကို တိုက်ခိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အရှေ့အလယ်ပိုင်းခရီးစဉ်အဖြစ် အစ္စရေးကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ လေတပ်ဗိုလ်ချုပ်ကြီး စီကျူဘ ရောင်းက Reuters သတင်းဌာနကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ တိုက်ခိုက်မှုဟာ ၁၀ လအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ပေမဲ့ ကန့်သတ်အ ပျက်အစီးတွေနဲ့အတူ အဆုံးသတ်ခဲ့ပြီး နှစ်ဖက်စလုံးက နောက်ထပ် လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်တာမျိုးတွေ မ တွေ့ရဘူးလို့ ဆိုပါတယ်။

 

ဟစ်ဘိုလာအဖွဲ့ရဲ့တိုက်ခိုက်မှုဟာ မကြာသေးခင်ကာလက အစ္စရေးကို တိုက်ခိုက်မယ်ဆိုတဲ့ အဓိကခြိမ်းခြောက် မှုနှစ်ခုထဲက တစ်ခုဖြစ်ပြီး နောက်တစ်ခုကတော့ တီဟီရန်မှာ ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံခံရတဲ့အတွက် အစ္စရေးကို တိုက်ခိုက်မယ်ဆိုတဲ့ အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဘရောင်းကပြောပါတယ်။

 

ဒေသတွင်းစစ်ပွဲကြီးတစ်ခု ချက်ချင်းဖြစ်လာနိုင်မယ့် အန္တရာယ်က လျော့ကျသွားပြီလားလို့ မေးတဲ့အခါ ဗိုလ်ချုပ် ကြီးဘရောင်းက “ဟုတ်ပါတယ်။ တစ်နည်းနည်းနဲ့ လျော့ကျသွားပြီလို့ ပြောနိုင်ပါတယ်။” လို့ ုပြန်လည်ဖြေကြား ပါတယ်။

 

“ဖြစ်လာတော့မယ်လို့ သိထားတဲ့ အကြောင်းအရာက နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဖြစ်ပြီးသွားပါပြီ။ လက်ရှိ အချိန်မှာတော့ နောက်တစ်ခုက ဘယ်လိုဖြစ်လာမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးဘရောင်း က ပြောပါတယ်။

 

“အီရန်ရဲ့ တုံ့ပြန်ပုံက အစ္စရေးရဲ့ တုံ့ပြန်မှုကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ် အဲဒီတုံ့ပြန်မှုတွေကပဲ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ပွဲ ဖြစ်လာမှာလား မဖြစ်လာဘူးလားဆိုတာကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေက ပင်လယ်နီထဲက အရပ်ဘက်သင်္ဘောတွေကို တိုက်ခိုက်ပြီး အစ္စရေးကိုပါ ဒရုန်းတွေနဲ့ တိုက်ခိုက်နေသလို အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်နိုင်ငံတွေထဲမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက် ခိုက်နေတဲ့ အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေကြောင်း ဘရောင်း က ပြောပါတယ်။

 

Ref: Exclusive-Top US general says risk of broader war eases a bit after Israel-Hezbollah exchange

 

#PeopleMedia


Share this post