အလင်းဝင်ရောက်လာသူ ၁၂၀ အား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
PUBLISHED - July 11, 2024
နေပြည်တော်၊ ဇူလိုင် ၁၁
အလင်းဝင်ရောက်လာသူ စုစုပေါင်း ၁၂၀ အား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ရာ ယခုဆိုလျှင် အလင်းဝင်ရောက်လာသူ စုစုပေါင်း ၁၂၀ အား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ယခုလိုကြိုဆိုလက်ခံမှု အခြေနေတွေကို နီးစပ်ရာသက်ဆိုင်သူများကိုပါပြောပြပြီး ထပ်မံစည်းရုံးပေးကြရန်လိုကြောင်း ပြောသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ၁၇ ဦးကို မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံခဲ့သည်။
#PeopleMedia