အလယ်တန်းကျောင်းတွေမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပညာရေး ထည့်သွင်းသင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေ
PUBLISHED - February 19, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ကျွမ်းကျင်သူတွေ မွေးထုတ်ပေးနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပညာရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်တန်းကျောင်းတွေမှာ ထည်သွင်းသင်ကြားရေးအတွက် လိုအပ်တဲ့သင် ရိုးညွှန်းတမ်းတွေရေးဆွဲဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့ပြလေကြောင်းလိုင်းနဲ့ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး မိုဟာမက်ဖာရတ်က ပြောကြားလိုက်ပါတယ်။
“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ကျွမ်းကျင်သူတွေမွေးထုတ်ပေးနိုင်ဖို့ တက္ကသိုလ်အဆင့်ပညာရေးမှာ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းအကြောင်း သင်ကြားမှုတွေကို ကျွန်တော်တို့ ထည့်သွင်းသင်ကြားခဲ့ပြီးဖြစ်ပါတယ်။ လက် ရှိအချိန်မှာ ဒီသင်ခန်းစာကို အလယ်တန်းအဆင့်မှာ ထည့်သွင်းသင်ကြားရမယ့် အချိန်ရောက်လာပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။” လို့ ဝန်ကြီး မိုဟာမက် ဖာရတ်က ပြောပါတယ်။
တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်နေ့) က အတွင်းဝန်များရုံးမှာကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကုမ္ပဏီများအသင်းရဲ့ အမှုဆောင်ကော်မတီနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ဝန်ကြီးက ဒီအစီအစဉ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ပုဂ္ဂလိကကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအခန်းကဏ္ဍရဲ့ ပါဝင်ပတ်သင်သူတွေကို လုပ်ငန်းချောမွေ့စေရေး လိုအပ် တာတွေထောက်ပံ့ပေးဖို့ ပြောကြားရာမှာ “ကုမ္ပဏီတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် မြှင့်တင်ဆောင်ရွက်ရာမှာ ကူညီဆောင်ရွက်ရမှာဖြစ်ကြောင်း” ဝန်ကြီးက ပြောပါတယ်။
ပုဂ္ဂလိကကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေက နှစ်ရှည်လများတောင်းဆိုနေတဲ့ သွင်းကုန်အခွန် ပယ်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ “ပြည်တွင်းခရီးသွားလုပ်ငန်းတွေက ဘဏ်စနစ်လမ်းကြောင်းကတစ်ဆင့် ရရှိထား တဲ့ စုစုပေါင်းနိုင်ငံခြားငွေတွေနဲ့ ပတ်သက်ပြီး အဲဒီလို ဥပဒေပယ်ဖျက်ရေးအကြောင်းကို အမျိုးသားဘဏ္ဍာခွန် ဘုတ်အဖွဲ့ (National Board of Revenue -NBR) နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း” ၎င်းကပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေအတွက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ ထောက်ပံ့နိုင်ရေး ကမ္ဘာလှည့်ခရီးသွား ကုမ္ပဏီတွေ အခွန်လွတ်မော်တော်ကားတင်သွင်းနိုင်ရေးအတွက်လည်း အမျိုးသားဘဏ္ဍာခွန် ဘုတ်အဖွဲ့ (NBR) နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ဝန်ကြီး ဖာရတ်က ပြောပါတယ်။
နိုင်ငံခြားသားခရီးသွားတွေအတွက် ဆိုက်ရောဗီဇာတိုးချဲ့ဆောင်ရွက်ပေးရေးနဲ့ အီလက်ထရောနစ်ဗီဇာ (e-visas) စတင်ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးနေကြောင်း ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မဟာဗျူဟာတစ်ရပ်အနေနဲ့ နိုင်ငံတကာလူမှုကွန်ရက်မီဒီယာ ဆယ်လီတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားသွားမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြိုင်ဘက်ကင်းတဲ့အလှကို ကမ္ဘာကြီးကို ခင်းကျင်းပြသသွားမှာဖြစ်ကြောင်း ဝန်ကြီး မိုဟာမက် ဖာရတ်က ပြော ပါတယ်။
Ref: Tourism education in secondary school curriculum planned
#PeopleMedia